အကြပ်အတည်းတွေထဲမှာ စွန့်လွှတ်စွန့်စား သူရဲကောင်းတွေကို ပေါ်ထွက်လာလေ့ရှိပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အကြပ်အတည်းထဲမှာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ စာဖြူစုရွာမှာရှိတဲ့ လီဆူအသိုင်းအဝန်းငယ်လေးထဲက ကိုဗစ်သူရဲကောင်း (၃) ဖော်ထွက်ပေါ်လာခဲ့ပါတယ်။
သူတို့က ဖောင်ကြီးမှာရှိတဲ့ ကိုဗစ်ကုသရေးစင်တာသို့ ကိုယ်ကျိုးစွန့် သွားရောက်အစေခံခဲ့ကြတဲ့ အသက် ၂၀ ဝန်းကျင် လီဆူလူငယ်လေးတွေဖြစ်ပါတယ်။ ကိုဗစ်သူရဲကောင်း (၃) ဖော်- ကိုအောင်ဆဲ၊ ကိုငွားဆာဘို၊ ကိုဒါလီရော် တို့ကို လီဆူတိုင်းမ်က တစ်ဦးချင်း အင်တာဗျူးထားတဲ့အတိုင်း အစဉ်လိုက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။
မေး -ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါဦး။
ဖြေ- ကျွန်တော်ကတော့ ကိုအောင်ဆဲ၊ အသက်က ၂၆ နှစ်ပါ။
မေး- ဖောင်ကြီး ကိုဗစ်ကုသရေး စင်တာမှာ ဘယ်လောက်ကြာအောင် ပါဝင်ခဲ့ပါသလဲ။
ဖြေ – ဟုတ်ကဲ့။ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဖြစ်ပါတယ်။
မေး- ဘယ်လိုဘယ်ပုံနဲ့ အဆက်အသွယ်ရပြီး ပါဝင်ဖြစ်ခဲ့တာလဲ။
ဖြေ – ရန်ကုန်မှာ ကိုဗစ်ဒုတိယလှိုင်း စတင်တဲ့အချိန်မှာ ကျွန်တော်က အိမ်မှာနေရင်း အုတ်ရိုက်နေခဲ့ပါတယ်။ ဖေ့စ်ဘုတ်စာမျက်နှာ တစ်ခုကနေ ကိုဗစ်-၁၉ ကုသရေးစင်တာတွေမှာ volunteer လိုအပ်ကြောင်း ဖတ်မိရာမှာ စိတ်ဝင်စားပီးဒါဟာ အခွင့်အရေးတစ်ခုလည်းဖြစ်တယ် (ကျမ်းစာကျောင်းမှာ ၄ နစ်လေ့လာခဲ့တာ ဒီလိုနေရာမှာ အစေခံဖို့ အသင့်တော်ဆုံး) ပြီးတော့၊ နိုင်ငံတော်တွက်လည်း ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်လို့ရတဲ့ အခွင့်ရေးလည်းဖြစ်တယ်၊ ဒီလိုကပ်ကြီးမျိုး ဘဝမှာနောက်တကြိမ်ကြုံချင်မှ ကြုံမယ်၊ ကျွန်တော် ပါဝင်ပြီးအစေခံမယ်လို့တွေးမိပြီး၊ ကိုယ့်ဆန္ဒအလျောက် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဖောင်ကြီးရောက်ရှိနေပီဖြစ်တဲ့ ကိုဒါလီယော် ကတစ်ဆင့် MCC ကဆရာ အားတီ ကို ဆက်သွယ်မိပြီး အစေခံပါဝင်ခွင့်ရခဲ့ပါတယ်။
မေး – ကိုဗစ်စင်တာမှာ ဘယ်လိုကဏ္ဍတွေကနေ ပါဝင်ခဲ့ရသလဲ။
ဖြေ- volunteer ပေါ့။ လူနာတွေကို စောင့်ကြည့်ပံ့ပိုးစရာ ရှိတာအားလုံး ပံ့ပိုးကြရပါတယ်။
မေး – ကုသရေးစင်တာထဲက အတွေ့အကြုံလေးတွေ ပြန်ပြောပြလို့ ရမလား။
ဖြေ- ဒီလိုအခင်းအကျင်းမျိုးမှာ volunteer လုပ်ရတာ ကျွန်တော်တွက် ပထမ တကြိမ်ပေါ့။ စရောက်တဲ့ရက်မှာ PPE ဝတ်စုံပြည့်ဝတ်ပြီး positive လူနာဆောင်ထဲဝင်ရတယ်။ လူနာတချိုက လက်အုပ်ချီပြီး ကျေးဇူးတင်စကားဆိုကာ ကန်တော့ ကြတော့ ထို အခိုက်အတန့်က ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်တွက်တော့ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ ကန်တော့ပြီးတဲ့အထိ ကျွန်တော်ဒီတိုင်းလေးကြည့်ရင်း၊ အားရှိအောင် အစားအစာစားဖို့၊ စိတ်ဓါတ်မကျဖို့ အားပေးစကားဆိုပြီး လူနာတစ်ယောက်ပြီးတစ်ယောက်ကို ရသမျှ အကူအညီပေးရပါတယ်။ တစ်ချို့လူနာတွေအတွက်တော့ ဒီလောကကြီးမှာ သူတို့နော်ကဆုံးတွေ့ခဲ့ရတဲ့သူ၊ စကားပြောခွင့်ရတဲ့သူက ppe ဝတ်ထားတဲ့ ကျွန်တော်ဖြစ်နေတယ်။ တချို့လူနာတွေဟာ အသက်လဲကြီး၊ အားလည်းနည်းတာ တွေ့ရတယ်။ မလှုပ်နိုင်၊ မစားနိုင်၊ မသွားနိုင်ကြဘူး။ လူနာစောင့်လဲ မပါတော့ သူတို့အခက် အခဲများစွာရှိပါတယ်။ လူနာတိုင်းက covid ကြောင့်ပဲ သေတာမဟုတ်ပဲ၊ တချို့တွေက ရောဂါအခံကြောင့်သေကြတာရှိပါတယ်။
volunteer အစေခံလူငယ်တွေက ကိုယ့်ကို covid-19 ကူးမှာကို မကြောက်ပဲ ဒုက္ခရောက်နေတဲ့ သူတပါးကို ကူညီချင်စိတ်တခုတည်းနဲ့ အစေခံနေကြသူတွေဖြစ်တယ်။ volunteerတွေထဲမှာ ကဏ္ဍစုံက လူငယ်တွေပါဝင်တယ်။ တစ်ချို့က အားကစားသမား၊ ဂီတပညာသည်၊ အင်ဂျီနီယာ၊ ဆရာဝန်၊ ကျမ်းစာကျောင်းဆင်း တရားဟောဆရာ စတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ အားလုံးဟာ ကိုယ့်ရဲ့ဖြစ်တည်မှု၊ ဂုဏ်တွေကိုထားရစ်ပြီး အစေခံဆိုတဲ့စိတ်ဓာတ်တစ်ခုတည်းဖြင့် ညီ အစ်ကို မောင် နှစ်မ တဖွယ် ချစ်ခင် ရင်းနှင်းကာ ကူညီကြပါတယ်။ ဒါက ကိုဗစ်ကို ခုခံတိုက်ခိုက်ရာမှာ ရှေ့တန်းကနေ စွန့်လွှတ်စွန့်စားမှုအပြည့်၊ လူသားဆန်မှုအပြည့်ရှိတဲ့ ဘဝနေထိုင်မှုပုံစံ တစ်ခုဖြစ်ပါတယ်။
တစ်ဘက်မှာ ကိုဗစ်သေဒနာရှင်တွေအတွက်က နက်ဖန်ဆိုတာ မသေချာဘူး ဘယ်ချိန် Oxgyen ရှူရမလဲ။ ဘယ်ချိန် စကားသံပျောက်ကွယ်သွားမလဲတွေးပူနေကြသူတွေပါ။ သူတို့ဟာ သတ်မှတ်ထားတဲ့ 11 or 14 ရက်ကို လက်ချိုး ရေတွက်နေကြတယ်။ အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ ppe သမားတွေဟာ သူတို့တွက် အားကိုးရမဲ့ သူတွေလို့ သိထားကြတယ်။ သူတို့ဟာ ppe သမားတွေကိုအားကိုးကြောင်း၊ လေးစားကြောင်း ပြုံးရွှင်သောမျက်နှာဖြင့်စကားဆိုလျက်ရှိပါတယ်။ နေ့တိုင်းလိုလို ဒီမြင်ကွင်းမှာ ကျွန်တော်က အလွန်ပဲ ခံစားထိရှရပါတယ်။
ဆရာဝန် /မတွေကလည်း သူတို့တတ်နိုင်သမျှကိုးစား ကုပေးရှာတယ်။ လူနာတွေကို 24hr CCTV က စောင့်ကြည့်ပေးလျက်ရှိတယ်။ လိုအပ်ရင် ချက်ချင်း ppeဝတ်ပီး ဝင်နိုင်ဖို့ အဆင်သင့်အနေအထားမှာ အမြဲအသင့်ရှိနေတကြတယ်။ အဲ့ဒီမှာတော့ Volunteer တွေ၊ ဆရာဝန်တွေ ဆိုပီးခွဲခြားတာ မရှိပါဘဲ၊ အားလုံးက ညီအစ်ကို မောင် နှစ်မလိုဆက်ဆံကြပါတယ်။ ဒါက အားလုံးနဲ့ သက်ဆိုင်တဲ့ တိုက်ပွဲဆိုတာကို နားလည်ထားကြတယ်။ ငါဟဲ့ ဆိုတဲ့ မာန်မာနတွေ လုံးဝမတွေ့ရပါဘူး။ အခြားနယ်ပယ်တွေမှာ လုံး၀ မတွေ့ရနိုင်တဲ့ အခင်းအကျင်းမျိုးပါ။
မေး – ကိုအောင်ဆဲလဲ ထွက်လာခါနီးမှ ကိုဗစ်-၁၉ ကူးစက်ခံရတယ်လု့ိ သိထားပါတယ်။ ဘယ်လိုဘယ်ပုံကျော်ဖြတ်ခဲ့ပါသလဲ။
ဖြေ- ဟုတ်ပါတယ်။ ပေါ့စတစ်ထွက်လာတော့ ကျွန်တော်က ပိုပြီး ထဲထဲဝင်ဝင် ကူညီဖို့ဖြစ်သွားတာပေါ့။ ကိုယ့်ကိစ္စကိုတောင် မေ့ပြီး၊ ကိုယ့်ထက် အခြေအနေဆိုးတဲ့သူတွေရဲ့ အရေးကိုပဲ ဦးစားပေးခဲ့တယ်။ အသက် နည်းနည်းရှူရခက်တာလောက်တော့ ၁-၂ ရက်ခံစားရတယ်။ ဆေးတွေစားတယ်၊ ကျန်းမာစေမယ့်အစားအသော်ကတွေစားတယ်။ အားလုံးက ပုံမှန်ပါပဲ။ ကိုဗစ် ပေါ့စတစ်ထွက်တဲ့ အစေခံတွေက အချိန်မရွေး လူနာဆောင်ထဲ ကူးလူးသွားလာခွင့်တောင် ရလိုက်သေးတယ်။ ပိုပြီး လွတ်လပ်စွာ အကျိုးဆောင် အစေခံခွင့်ပေါ့။
ကျွန်တော်စားခဲ့ရတဲ့ ဆေးတွေကတော့ အားဆေးတွေပါပဲ။ သံဓါတ်အားဆေး၊ ဗိုက်တာမင်စီ တွေပါပဲ။ အသက်ရှူလေ့ကျင့်ခန်းကို မနက် ၁၀ မိနစ်၊ ညနေပိုင်း ၁၀ မိနစ် သေချာလုပ်ရပါတယ်။ ရေမချိုးခင် ဒိုက်ထိုးတာက အကြိမ် ၂၀ အနည်းဆုံးပဲ။ ဒါက ပေါ့စတစ်ဖြစ်မှမဟုတ်ဘဲ ကိုဗစ်စင်တာမှာ နေပြီး အစေခံခဲ့တဲ့ ကာလတစ်လျှောက် လုပ်ခဲ့ရတာပဲ။
မေး – လီဆူတိုင်းမ် စာဖတ်သူတွေကို ဘာများ ထပ်ပြောပြစရာ ရှိသေးလဲ။
ဖြေ- covid က မတရား ကြောက်ဖို့မဟုတ်ပါဘူး။ ဒါမဲ့ ဂရုစိုက်သင့်တဲ့အရာ ဖြစ်ပါတယ်။ ကိုဗစ်က ကစားစရာတော့ မဟုတ်ဘူး။ ကိုယ်ခံအားကောင်းနေရမယ်၊ မာ့စ်တပ်ရမယ်။ ကိုဗစ် ဖြစ်နေသူတွေကို ဂရုစိုက်ပေးပါ။ မေတ္တာပြပါ။ သူတို့ စိတ်ဓာတ်ကျသွားရင် oxgyen ကျလာမယ် နှလုံးခုန်နှုန်း နှေးလာမယ်။ နောက်ဆုံးသူတို့အသက်ပါ ဆုံးရှုံးသွားနိုင်တယ်။ စိတ်ဓါတ်စွမ်းအားဖြစ်စေမယ့် မေတ္တာစကားတခွန်းကြောင့် p မှ N ဖြစ်ပီး ဆင်းသွားသူရှိပါတယ်။ covidကြောင့် ကျွန်တော်တို့ရဲ့ ချစ်မေတ္တာမပျက်ပါစေနဲ့ ။ သူတို့ကို တန်ဖိုးထားကြောင်း ဂရုစိုက်ကြောင်းပြပါ။ ကိုယ်ကိုကိုယ်လည်း ကိုယ်ခံအားကောင်းအောင်နေထိုင် စားသောက်ပါ။
နေမကောင်းသလိုဖြစ်လာရင် (ခံစားလာရင်) လူတွေနဲ့ ရှောင်နေပေးပါ။ ကိုယ့်ကိုကိုယ် Q ဝင်ပေါ့။ နိုင်ငံတော်က ချမှတ်တဲ့ စည်းကမ်းကိုလိုက်နာပါ။ အစိုးရကလဲ တပြေးညီ အတင်းအကြပ်ကိုင်လို့ မလွယ်ပါဘူး။ လူတွေအားလုံးက ကိုယ့်အသိ၊ သတိနဲ့ ကိုင်တွယ်ရမယ့် ကပ်ရောဂါဖြစ်ပါတယ်။ အားလုံး စည်းကမ်းလိုက်နာမယ်ဆို covidက ပျောက်ကွယ်သွားမှာပါ။
ပြန်ပြီးတော့ ဆောင်ရန်/ ရှောင်ရန် ပြောရရင် …
ဆောင်ရန် = စည်းကမ်းလိုက်နာပါ၊ mask တပ်ပါ ၊ အိမ်မှာနေပါ၊ ကျန်းမာအောင် နေထိုင်စားသောက်ပါ။ ဆုတောင်းပါ။
ရှာင်ရန်= လူစုလူဝေး၊ ပါတီပွဲ၊ ခရစ္စမတ်ပွဲတွေ စတဲ့ ကိုယ့်အစဉ်အစီတွေ ခဏရပ်ထားပါ။ အဲ့ဒါတွေကို နောက်လုပ်လို့ရတယ်။ အဲတာမလုပ်ရလည်း မသေပါ။ ကိုဗစ်ဖြစ်မှ သေဖို့အခွင့်အလမ်းများလာမှာပါ။ အရေးမကြီးတာကို အရေးကြီးတယ်ထင်ပြီး အရေး တကြီးမလုပ်ပါနဲ့ ။ ကမ္ဘာကြီး နေပြန်ကောင်းတဲ့တစ်နေ့ …. ကျွန်တော်တို့ အရင်လို ခရီးတွေ၊ ပွဲလမ်းသဘင်တွေ လုပ်ကြတာပေါ့။ အခု ချိန်မှာ Covidကို အပြီးတိုက်ရမှာက သင်နဲ့ကျွနုပ်ကို ကမ္ဘာကြီးကပေးတဲ့တာဝန်တစ်ခုပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဂျေ
၁၁၊ ဒီဇင်ဘာလ၊ ၂၀၂၀
(Zawgyi)
အၾကပ္အတည္းေတြထဲမွာ စြန႔္လႊတ္စြန႔္စား သူရဲေကာင္းေတြကို ေပၚထြက္လာေလ့ရွိပါတယ္။
ကမာၻ႔ကပ္ေရာဂါ ကိုဗစ္-၁၉ အၾကပ္အတည္းထဲမွာ ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္၊ စာျဖဴစု႐ြာမွာရွိတဲ့ လီဆူအသိုင္းအဝန္းငယ္ေလးထဲက ကိုဗစ္သူရဲေကာင္း (၃) ေဖာ္ထြက္ေပၚလာခဲ့ပါတယ္။
သူတို႔က ေဖာင္ႀကီးမွာရွိတဲ့ ကိုဗစ္ကုသေရးစင္တာသို႔ ကိုယ္က်ိဳးစြန႔္ သြားေရာက္အေစခံခဲ့ၾကတဲ့ အသက္ ၂၀ ဝန္းက်င္ လီဆူလူငယ္ေလးေတြျဖစ္ပါတယ္။ ကိုဗစ္သူရဲေကာင္း (၃) ေဖာ္- ကိုေအာင္ဆဲ၊ ကိုငြားဆာဘို၊ ကိုဒါလီေယာ္ တို႔ကို လီဆူတိုင္းမ္က တစ္ဦးခ်င္း အင္တာဗ်ဴးထားတဲ့အတိုင္း အစဥ္လိုက္ ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။
ေမး -ကိုယ့္ကိုယ္ကိုယ္ မိတ္ဆက္ေပးပါဦး။
ေျဖ- ကြၽန္ေတာ္ကေတာ့ ကိုေအာင္ဆဲ၊ အသက္က ၂၆ ႏွစ္ပါ။
ေမး- ေဖာင္ႀကီး ကိုဗစ္ကုသေရး စင္တာမွာ ဘယ္ေလာက္ၾကာေအာင္ ပါဝင္ခဲ့ပါသလဲ။
ေျဖ – ဟုတ္ကဲ့။ ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ ၁၉ ရက္ေန႔မွ ႏိုဝင္ဘာလ ၂၃ ရက္ေန႔အထိ ျဖစ္ပါတယ္။
ေမး- ဘယ္လိုဘယ္ပုံနဲ႔ အဆက္အသြယ္ရၿပီး ပါဝင္ျဖစ္ခဲ့တာလဲ။
ေျဖ – ရန္ကုန္မွာ ကိုဗစ္ဒုတိယလႈိင္း စတင္တဲ့အခ်ိန္မွာ ကြၽန္ေတာ္က အိမ္မွာေနရင္း အုတ္႐ိုက္ေနခဲ့ပါတယ္။ ေဖ့စ္ဘုတ္စာမ်က္ႏွာ တစ္ခုကေန ကိုဗစ္-၁၉ ကုသေရးစင္တာေတြမွာ volunteer လိုအပ္ေၾကာင္း ဖတ္မိရာမွာ စိတ္ဝင္စားပီးဒါဟာ အခြင့္အေရးတစ္ခုလည္းျဖစ္တယ္ (က်မ္းစာေက်ာင္းမွာ ၄ နစ္ေလ့လာခဲ့တာ ဒီလိုေနရာမွာ အေစခံဖို႔ အသင့္ေတာ္ဆုံး) ၿပီးေတာ့၊ ႏိုင္ငံေတာ္တြက္လည္း ကိုယ္တတ္ႏိုင္တဲ့ဘက္က ပါဝင္လို႔ရတဲ့ အခြင့္ေရးလည္းျဖစ္တယ္၊ ဒီလိုကပ္ႀကီးမ်ိဳး ဘဝမွာေနာက္တႀကိမ္ႀကဳံခ်င္မွ ႀကဳံမယ္၊ ကြၽန္ေတာ္ ပါဝင္ၿပီးအေစခံမယ္လို႔ေတြးမိၿပီး၊ ကိုယ့္ဆႏၵအေလ်ာက္ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီလိုနဲ႔ ေဖာင္ႀကီးေရာက္ရွိေနပီျဖစ္တဲ့ ကိုဒါလီေယာ္ ကတစ္ဆင့္ MCC ကဆရာ အားတီ ကို ဆက္သြယ္မိၿပီး အေစခံပါဝင္ခြင့္ရခဲ့ပါတယ္။
ေမး – ကိုဗစ္စင္တာမွာ ဘယ္လိုက႑ေတြကေန ပါဝင္ခဲ့ရသလဲ။
ေျဖ- volunteer ေပါ့။ လူနာေတြကို ေစာင့္ၾကည့္ပံ့ပိုးစရာ ရွိတာအားလုံး ပံ့ပိုးၾကရပါတယ္။
ေမး – ကုသေရးစင္တာထဲက အေတြ႕အႀကဳံေလးေတြ ျပန္ေျပာျပလို႔ ရမလား။
ေျဖ- ဒီလိုအခင္းအက်င္းမ်ိဳးမွာ volunteer လုပ္ရတာ ကြၽန္ေတာ္တြက္ ပထမ တႀကိမ္ေပါ့။ စေရာက္တဲ့ရက္မွာ PPE ဝတ္စုံျပည့္ဝတ္ၿပီး positive လူနာေဆာင္ထဲဝင္ရတယ္။ လူနာတခ်ိဳက လက္အုပ္ခ်ီၿပီး ေက်းဇူးတင္စကားဆိုကာ ကန္ေတာ့ ၾကေတာ့ ထို အခိုက္အတန႔္က ခရစ္ယာန္တစ္ေယာက္ျဖစ္တဲ့ ကြၽန္ေတာ္တြက္ေတာ့ မလြယ္ကူခဲ့ပါဘူး။ ဒါေပမဲ့ သူတို႔ ကန္ေတာ့ၿပီးတဲ့အထိ ကြၽန္ေတာ္ဒီတိုင္းေလးၾကည့္ရင္း၊ အားရွိေအာင္ အစားအစာစားဖို႔၊ စိတ္ဓါတ္မက်ဖို႔ အားေပးစကားဆိုၿပီး လူနာတစ္ေယာက္ၿပီးတစ္ေယာက္ကို ရသမွ် အကူအညီေပးရပါတယ္။ တစ္ခ်ိဳ႕လူနာေတြအတြက္ေတာ့ ဒီေလာကႀကီးမွာ သူတို႔ေနာ္ကဆုံးေတြ႕ခဲ့ရတဲ့သူ၊ စကားေျပာခြင့္ရတဲ့သူက ppe ဝတ္ထားတဲ့ ကြၽန္ေတာ္ျဖစ္ေနတယ္။ တခ်ိဳ႕လူနာေတြဟာ အသက္လဲႀကီး၊ အားလည္းနည္းတာ ေတြ႕ရတယ္။ မလႈပ္ႏိုင္၊ မစားႏိုင္၊ မသြားႏိုင္ၾကဘူး။ လူနာေစာင့္လဲ မပါေတာ့ သူတို႔အခက္ အခဲမ်ားစြာရွိပါတယ္။ လူနာတိုင္းက covid ေၾကာင့္ပဲ ေသတာမဟုတ္ပဲ၊ တခ်ိဳ႕ေတြက ေရာဂါအခံေၾကာင့္ေသၾကတာရွိပါတယ္။
volunteer အေစခံလူငယ္ေတြက ကိုယ့္ကို covid-19 ကူးမွာကို မေၾကာက္ပဲ ဒုကၡေရာက္ေနတဲ့ သူတပါးကို ကူညီခ်င္စိတ္တခုတည္းနဲ႔ အေစခံေနၾကသူေတြျဖစ္တယ္။ volunteerေတြထဲမွာ က႑စုံက လူငယ္ေတြပါဝင္တယ္။ တစ္ခ်ိဳ႕က အားကစားသမား၊ ဂီတပညာသည္၊ အင္ဂ်ီနီယာ၊ ဆရာဝန္၊ က်မ္းစာေက်ာင္းဆင္း တရားေဟာဆရာ စတာေတြ ပါဝင္ပါတယ္။ ဒါေပမဲ့ အားလုံးဟာ ကိုယ့္ရဲ႕ျဖစ္တည္မႈ၊ ဂုဏ္ေတြကိုထားရစ္ၿပီး အေစခံဆိုတဲ့စိတ္ဓာတ္တစ္ခုတည္းျဖင့္ ညီ အစ္ကို ေမာင္ ႏွစ္မ တဖြယ္ ခ်စ္ခင္ ရင္းႏွင္းကာ ကူညီၾကပါတယ္။ ဒါက ကိုဗစ္ကို ခုခံတိုက္ခိုက္ရာမွာ ေရွ႕တန္းကေန စြန႔္လႊတ္စြန႔္စားမႈအျပည့္၊ လူသားဆန္မႈအျပည့္ရွိတဲ့ ဘဝေနထိုင္မႈပုံစံ တစ္ခုျဖစ္ပါတယ္။
တစ္ဘက္မွာ ကိုဗစ္ေသဒနာရွင္ေတြအတြက္က နက္ဖန္ဆိုတာ မေသခ်ာဘူး ဘယ္ခ်ိန္ Oxgyen ရႉရမလဲ။ ဘယ္ခ်ိန္ စကားသံေပ်ာက္ကြယ္သြားမလဲေတြးပူေနၾကသူေတြပါ။ သူတို႔ဟာ သတ္မွတ္ထားတဲ့ 11 or 14 ရက္ကို လက္ခ်ိဳး ေရတြက္ေနၾကတယ္။ အျဖဴေရာင္ဝတ္စုံဝတ္ထားတဲ့ ppe သမားေတြဟာ သူတို႔တြက္ အားကိုးရမဲ့ သူေတြလို႔ သိထားၾကတယ္။ သူတို႔ဟာ ppe သမားေတြကိုအားကိုးေၾကာင္း၊ ေလးစားေၾကာင္း ၿပဳံး႐ႊင္ေသာမ်က္ႏွာျဖင့္စကားဆိုလ်က္ရွိပါတယ္။ ေန႔တိုင္းလိုလို ဒီျမင္ကြင္းမွာ ကြၽန္ေတာ္က အလြန္ပဲ ခံစားထိရွရပါတယ္။
ဆရာဝန္ /မေတြကလည္း သူတို႔တတ္ႏိုင္သမွ်ကိုးစား ကုေပးရွာတယ္။ လူနာေတြကို 24hr CCTV က ေစာင့္ၾကည့္ေပးလ်က္ရွိတယ္။ လိုအပ္ရင္ ခ်က္ခ်င္း ppeဝတ္ပီး ဝင္ႏိုင္ဖို႔ အဆင္သင့္အေနအထားမွာ အၿမဲအသင့္ရွိေနတၾကတယ္။ အဲ့ဒီမွာေတာ့ Volunteer ေတြ၊ ဆရာဝန္ေတြ ဆိုပီးခြဲျခားတာ မရွိပါဘဲ၊ အားလုံးက ညီအစ္ကို ေမာင္ ႏွစ္မလိုဆက္ဆံၾကပါတယ္။ ဒါက အားလုံးနဲ႔ သက္ဆိုင္တဲ့ တိုက္ပြဲဆိုတာကို နားလည္ထားၾကတယ္။ ငါဟဲ့ ဆိုတဲ့ မာန္မာနေတြ လုံးဝမေတြ႕ရပါဘူး။ အျခားနယ္ပယ္ေတြမွာ လုံး၀ မေတြ႕ရႏိုင္တဲ့ အခင္းအက်င္းမ်ိဳးပါ။
ေမး – ကိုေအာင္ဆဲလဲ ထြက္လာခါနီးမွ ကိုဗစ္-၁၉ ကူးစက္ခံရတယ္လု႔ိ သိထားပါတယ္။ ဘယ္လိုဘယ္ပုံေက်ာ္ျဖတ္ခဲ့ပါသလဲ။
ေျဖ- ဟုတ္ပါတယ္။ ေပါ့စတစ္ထြက္လာေတာ့ ကြၽန္ေတာ္က ပိုၿပီး ထဲထဲဝင္ဝင္ ကူညီဖို႔ျဖစ္သြားတာေပါ့။ ကိုယ့္ကိစၥကိုေတာင္ ေမ့ၿပီး၊ ကိုယ့္ထက္ အေျခအေနဆိုးတဲ့သူေတြရဲ႕ အေရးကိုပဲ ဦးစားေပးခဲ့တယ္။ အသက္ နည္းနည္းရႉရခက္တာေလာက္ေတာ့ ၁-၂ ရက္ခံစားရတယ္။ ေဆးေတြစားတယ္၊ က်န္းမာေစမယ့္အစားအေသာ္ကေတြစားတယ္။ အားလုံးက ပုံမွန္ပါပဲ။ ကိုဗစ္ ေပါ့စတစ္ထြက္တဲ့ အေစခံေတြက အခ်ိန္မေ႐ြး လူနာေဆာင္ထဲ ကူးလူးသြားလာခြင့္ေတာင္ ရလိုက္ေသးတယ္။ ပိုၿပီး လြတ္လပ္စြာ အက်ိဳးေဆာင္ အေစခံခြင့္ေပါ့။
ကြၽန္ေတာ္စားခဲ့ရတဲ့ ေဆးေတြကေတာ့ အားေဆးေတြပါပဲ။ သံဓါတ္အားေဆး၊ ဗိုက္တာမင္စီ ေတြပါပဲ။ အသက္ရႉေလ့က်င့္ခန္းကို မနက္ ၁၀ မိနစ္၊ ညေနပိုင္း ၁၀ မိနစ္ ေသခ်ာလုပ္ရပါတယ္။ ေရမခ်ိဳးခင္ ဒိုက္ထိုးတာက အႀကိမ္ ၂၀ အနည္းဆုံးပဲ။ ဒါက ေပါ့စတစ္ျဖစ္မွမဟုတ္ဘဲ ကိုဗစ္စင္တာမွာ ေနၿပီး အေစခံခဲ့တဲ့ ကာလတစ္ေလွ်ာက္ လုပ္ခဲ့ရတာပဲ။
ေမး – လီဆူတိုင္းမ္ စာဖတ္သူေတြကို ဘာမ်ား ထပ္ေျပာျပစရာ ရွိေသးလဲ။
ေျဖ- covid က မတရား ေၾကာက္ဖို႔မဟုတ္ပါဘူး။ ဒါမဲ့ ဂ႐ုစိုက္သင့္တဲ့အရာ ျဖစ္ပါတယ္။ ကိုဗစ္က ကစားစရာေတာ့ မဟုတ္ဘူး။ ကိုယ္ခံအားေကာင္းေနရမယ္၊ မာ့စ္တပ္ရမယ္။ ကိုဗစ္ ျဖစ္ေနသူေတြကို ဂ႐ုစိုက္ေပးပါ။ ေမတၱာျပပါ။ သူတို႔ စိတ္ဓာတ္က်သြားရင္ oxgyen က်လာမယ္ ႏွလုံးခုန္ႏႈန္း ေႏွးလာမယ္။ ေနာက္ဆုံးသူတို႔အသက္ပါ ဆုံးရႈံးသြားႏိုင္တယ္။ စိတ္ဓါတ္စြမ္းအားျဖစ္ေစမယ့္ ေမတၱာစကားတခြန္းေၾကာင့္ p မွ N ျဖစ္ပီး ဆင္းသြားသူရွိပါတယ္။ covidေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ ခ်စ္ေမတၱာမပ်က္ပါေစနဲ႔ ။ သူတို႔ကို တန္ဖိုးထားေၾကာင္း ဂ႐ုစိုက္ေၾကာင္းျပပါ။ ကိုယ္ကိုကိုယ္လည္း ကိုယ္ခံအားေကာင္းေအာင္ေနထိုင္ စားေသာက္ပါ။
ေနမေကာင္းသလိုျဖစ္လာရင္ (ခံစားလာရင္) လူေတြနဲ႔ ေရွာင္ေနေပးပါ။ ကိုယ့္ကိုကိုယ္ Q ဝင္ေပါ့။ ႏိုင္ငံေတာ္က ခ်မွတ္တဲ့ စည္းကမ္းကိုလိုက္နာပါ။ အစိုးရကလဲ တေျပးညီ အတင္းအၾကပ္ကိုင္လို႔ မလြယ္ပါဘူး။ လူေတြအားလုံးက ကိုယ့္အသိ၊ သတိနဲ႔ ကိုင္တြယ္ရမယ့္ ကပ္ေရာဂါျဖစ္ပါတယ္။ အားလုံး စည္းကမ္းလိုက္နာမယ္ဆို covidက ေပ်ာက္ကြယ္သြားမွာပါ။
ျပန္ၿပီးေတာ့ ေဆာင္ရန္/ ေရွာင္ရန္ ေျပာရရင္ …
ေဆာင္ရန္ = စည္းကမ္းလိုက္နာပါ၊ mask တပ္ပါ ၊ အိမ္မွာေနပါ၊ က်န္းမာေအာင္ ေနထိုင္စားေသာက္ပါ။ ဆုေတာင္းပါ။
ရွာင္ရန္= လူစုလူေဝး၊ ပါတီပြဲ၊ ခရစၥမတ္ပြဲေတြ စတဲ့ ကိုယ့္အစဥ္အစီေတြ ခဏရပ္ထားပါ။ အဲ့ဒါေတြကို ေနာက္လုပ္လို႔ရတယ္။ အဲတာမလုပ္ရလည္း မေသပါ။ ကိုဗစ္ျဖစ္မွ ေသဖို႔အခြင့္အလမ္းမ်ားလာမွာပါ။ အေရးမႀကီးတာကို အေရးႀကီးတယ္ထင္ၿပီး အေရး တႀကီးမလုပ္ပါနဲ႔ ။ ကမာၻႀကီး ေနျပန္ေကာင္းတဲ့တစ္ေန႔ …. ကြၽန္ေတာ္တို႔ အရင္လို ခရီးေတြ၊ ပြဲလမ္းသဘင္ေတြ လုပ္ၾကတာေပါ့။ အခု ခ်ိန္မွာ Covidကို အပီးတိုက္ရမွာ သင့္ေရာ ကြၽန္ပ္၌ ကမာၻႀကီးေပးတဲ့တာဝန္တစ္ခုပါ။ အားလုံးကို ေက်းဇူးတင္ပါတယ္။
ကိုေဂ်
၁၁၊ ဒီဇင္ဘာလ၊ ၂၀၂၀
အားရကျေနပ်ပါတယ်
။မှော်ဘီဖိုက်တာတွေကိုအားလုံးကျေးဇူးတယ်လို့ပြောကြရပါမယ်။ ကျမ်းစာကျောင်းပြီးသွားပေမဲ့တခြားအစေခံမည့်နေရာမရှိဘူးလို့မြင်နေကြတဲ့ သူတွေ ဖတ်မိရင် အမြင်သစ်၊ နယ်မြေသစ်ကိုမြင်နိုင်ရကြလိမ့်မယ်လို့မျော့်လင့်ပါတယ်။တရားဟောရမှ၊အသင်းတော်ကိုဉီးဆောင်ရမှ အမှုတော်ဆောင်ခြင်းOr အစေခံခြင်းလို့ မြင်ကြသူတွေ ကိုအမြင်သစ်ရစေမယ်။ တကယ် လိုအပ်သူတွေကို ကူညီရတာက တကယ့်အစေခံခြင်းဖြစ်တယ် ခရစ်တော်ဆိုလိုတဲ့အစေခံခြင်းဖြစ်တယ်ဆိုတာတွေကိုပေါ့။
thank you
Beautiful interview and wonderful service!