ကနေ့ကျင်းပတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ၊ ဂျပန် – မြန်မာအသင်း ပွဲစဉ်အတွင်း မြန်မာအသင်းက ကစားသမားတစ်ဦး လက်သုံးချောင်းထောင်ပြီး အာဏာရှင် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။
ဒီကနေ့ပွဲအတွက် အရန်ဂိုးသမားအဖြစ် ပါဝင်ခဲ့တဲ့ ရတနာပုံကလပ်အသင်းက ဂိုးသမား ပြည့်လျှံအောင်က အခုလို ဆန္ဒဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။