wi-fi အင်တာနက်လိုင်း များပိတ်ရန် အမိန့်ထွက်လာ

မြန်မာနိုင်ငံတွင် အသုံးပြုနေသော wi-fi အင်တာနက်များကို နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာ မရမချင်း ပိတ်ပင်သွားရန် စစ်ကောင်စီက မတ်လ (၁၇) နေ့စွဲနဲ့ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖုန်း၊ အင်တာနက်များကို အချိန်ကန့်သတ်ပိတ်ပင်ထားခဲ့ရာ၊ လွန်ခဲ့သော မတ်လ ၁၅ ရက်နေ့မှစပြီး ဖုန်းဒေတာ အင်တာနက်ကို လုံးဝရပ်ဆိုင်းခဲ့သည်။ ယခုတစ်ဖန် wifi အင်တာနက် ၀န်ဆောင်မှု ကိုလည်း ထပ်မံရပ်ဆိုင်းပစ်ရန် အမိန့်ထွက် ပေါ်လာခြင်းဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် ၂၀၀၈ ခြေဥအရ၊ ဒီမိုကရေစီစနစ်အတိုင်း သွားမည်ဟု ကတိကဝတ်ပြု ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *