(World Bank and Asian Development bank stops helps to Myanmar.)
စစ်တပ်အာဏာသိမ်းမှု နဲ့ ပြည်သူပြည်သားကို သတ်ဖြတ်နေတာကြောင့် ကမ္ဘာ့ဘဏ် နဲ့ ADB တို့က မြန်မာအတွက် ဒေါ်လာ သန်းပေါင်းများစွာသော အထောက်အပံ့တွေကို ဆိုင်းငံ့လိုက်ပါတယ်။
ကမ္ဘာ့ဘဏ် (the World Bank) က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အထောက်အပံ့တွေအားလုံး ထိန်းချုပ်လိုက်ပြီးနောက်၊ မတ်လ ၁၀ ရက်နေ့မှာတော့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ဘဏ်လည်း မြန်မာနိုင်ငံအတွင်း အထောက်အပံ့လုပ်ငန်းတွေကို ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲမှာ ကမ္ဘာ့ဘဏ်က ဒေါ်လာ ၂.၇ ဘီလီယံတန် လုပ်ငန်းတွေရှိနေပြီး၊ ADB ဘဏ်က ဒေါ်လာ ၃ ဘီလီယံတန် လုပ်ငန်းတွေ လည်ပတ်နေတာ ဖြစ်ပါတယ်။