NUG ရဲ့ကြားကာလ ပညာရေးအစီအစဉ်၊ စံသတ်မှတ်ချက်တွေကို မကြာခင်ကြေညာမယ်

NUG အစိုးရရဲ့ ကြားကာလ ပညာရေးအစီအစဉ်တွေကို မကြာခင် ကြေညာပေးပါမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဂျာထွယ်ပန်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားဖော်ပြလိုက်ပါတယ်။

နောင်မှာ ပညာရေးဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် စံသတ်မှတ်ချက်တွေ ချမှတ်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။ “အခြေခံပညာကဏ္ဍ ပြင်ပပညာရေးဝန်ဆောင်မှုအဖွဲ့အစည်း၊ အစီအစဉ်တွေကို တရားဝင် အရည်အသွေးစံသတ်မှတ်ပေးခြင်းကို ဆိုလိုကြောင်း” ဖော်ပြဖွင့်ဆိုထားပါတယ်။

မြန်မာ့ပညာရေးဟာ ဘုန်းတော်ကြီးသင်ပညာရေး၊ ကိုလိုနီခေတ် နယ်ချဲ့ပညာရေး၊ အမျိုးသားပညာရေး၊ မစ်ရှင်ကျောင်းပညာရေး၊ အစိုးရပညာရေး နှင့် ပုဂ္ဂလိပပညာရေးစသည်ဖြင့် အဆင့်ဆင့်သော ဖြတ်သန်းခဲ့ရာ အပြောင်းအလဲတွေကြားမှာ၊ ယခုတော့ ဖက်ဒရယ်ပညာရေးပုံစံတစ်ခုကို မျှော်လင့်နေတဲ့ကာလဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *