CDM လုပ်နေသော ဝန်ထမ်း တစ်ဦး၏ ရင်ဖွင့်ချက်…

အမည် မဖော်လိုသူ CDM လုပ်ရှားနေသော ဝန်ထမ်း တစ်ဦးကတော့ လတ်တလော CDM လုပ်နေရင်း သူကြုံတွေ့ရတဲ့ အခက်ခဲ ကို The Lisu Times အာအောက်ပါအတိုင်း ရင်ဖွင့်ရေးသားလာပါတယ်……..ဒီစာ ကို ဖတ်ပြီး မိဘ ပြည်သူများလည်း CDM လုပ်နေသော ဝန်ထမ်းများကို တတ်နိုင်တတ်ဘက်ကနေ ပံ့ ပိုး ကူညီ ပေးနိုင်ပါလိမ့်မယ် လို့ မျော်လင့်ပါတယ်……………

ကျွန်တော် ဟိုတစ် ရက်တုန်းက CDM ဝန်ထမ်းတွေ ဖမ်ပြီး ရုံးမှာ အကျယ်ချုပ်ပုံစံနဲ့ ရုံးတက်ခိုင်းမယ်ပြောတဲ့ သတင်းတွေ တက်လာတော့ ငါ ရှောင်မယ်ဆိုပြီး ဆွေမျိုးမတော် ဘာမတော်တဲ့ အသိလူ တစ်အိမ်မှာ ခဏ ရှောင်သွားတာကွာ ရပ်ကွက်မှုးကအစ ရပ်ကွက်သား ရပ်ကွက်သူတွေကပါ ဧည့်စရင်း ကောက်ဖို့ ဥပဒေ ထုတ်ထားတယ် ဆိုပြီး အတင်းလာတောင်းပါတယ်။

အမှန်ဆို ငါတို့ ဝန်ထမ်းတွေက တိုင်းပြည်ရှေးရေး အနာဂတ်အတွက်စဥ်းစာပြီး အလုပ်ကိုရင်း ​အထက်အရာရှိ တွေကိုဆန့်ကျင်ပြီး ပြည်သူနဲ့အတူ CDMလုပ်ပီးအတူရပ်တည်နေချိန်မှာ တတ်နိုင်တဲ့ ဘက်က ပံ့ပိုးဖို့ဆိုတာဝေးစွ ဖမ်းလို့ လာရှောင်နေတာကို ဧည့်စာရင်းကောက်ပီး အထက်ကို တင်ပြရမှာ လို့ လာပြောနေတော့ အော် ငါတို့ဝန်ထမ်း​​​​တွေ က ချိန်းခြောက်ခြင်းများစွာကိုရင်ဆိုင်ပီး CDM လုပ်ပေးရတာ မတန်လိုက်တာလို့လေး ​​​တွေးမိ လာပါတယ်ဟာ ..ဒါကြောင့်မို့ ဧည့်စရင်းကောက်ခိုင်းတာကိုတောင် မလွန်ဆန်ရဲတဲ့ ရပ်ကွက်တွေ ရပ်ကွက်မှူးတွေ ရေ ​မင်းတို့က ဧည့်စာရင်းမကောက်လို့ အထက်က သိသွားရင် ထောင်ဒဏ် ၇ ရက်သို့မဟုတ် ဒဏ်တွေ ၁ သောင်းထက်မပို တဲ့ ဒဏ်ငွေပဲဆောင်ရတာပါ ဟာ..ငါတို့ CDM ဝန်ထမ်းတွေက မင်းတို့ထက် အများကြီးပေးဆပ်ထားရတာပါဗျာ ..

မင်းတို့အခုလို ဧည့်စရင်းကောက်တာလေးတွေကိုတောင် မလွန်ဆန်နိုင်ရင် ဝန်ထမ်းတွေကို CDM ပါဝင်ဖို့ နဲ့ တပ်မတော်နဲ့ ရဲ တွေကို ဆန္ဒပြတဲ့ အထဲ ပါလာဖို့ ပြောနေတာကို အားနာသင့်ပါတယ်အများပြည်သူသိစေဖို့..အခုချိန်မှာပြည်သူ တစ်ဦးချင်း တစ်မိသားစုချင်း တက်နိုင်တဲ့ဘက်က ပါဝင်သင့်တဲ့အချိန်ပါဟာ..

တစ်ထောင့်တစ်နေရာမှ

CDM ဝန်ထမ်းလေး

Leave a Reply

Your email address will not be published. Required fields are marked *