CDM မဟာဗျူဟာ အဆင့် ၃ ဆင့်ကို ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တော ဇော်ဝေစိုး ထုတ်ပြော

မတ်လ ၂၃ ရက်နေ့မှာ CDM မဟာဗျူဟာ အဆင့်သုံးဆင့်ကို ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တော ဇော်ဝေစိုးက ပြည်သူလူထုသို့ အသိပေးထုတ်ပြော လိုက်ပါတယ်။

CDM မဟာဗျူဟာ သုံးဆင့်ကတော့ (၁) မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီး အာဏာသိမ်းစစ်အစိုးရ၏ ယန္တရားလည်ပတ်မှု ရပ်ဆိုင်းသည်အတထိ CDM ၁၀၀% ဖြစ်မြောက်အောင် ကြိုးစားစည်းရုံးရန်၊ (၂) CDM မပါဝင်လာသော ဝန်ထမ်းများကို ဌာနဆိုင်ရာရုံးများကနေ လူထုအင်အားဖြင့် ဖယ်ရှား မောင်းထုတ်ပစ်ရန်၊ (၃) CDM ပါဝင်သော လူထုကိုယ်စားပြု ဝန်ထမ်းများက အစားထိုးနေရာယူပြီး ပြည်သူ့အစိုးရ အုပ်ချုပ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး လုပ်ငန်းများပြန်လည် ထူထောင်ရန် ဖြစ်တယ်လို့ ဖော်ပြလိုက်ပါတယ်။



CDM ခေါ် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကတော့ အာဏာလု၊ အကြမ်းဖက် စစ်အုပ်စုအကျိုးဆောင် ဝန်ထမ်း နှင့် ပြည်သူ့ဘက်တော်သား၊ အမှန်တရားမြတ်နိုးသည့် ဝန်ထမ်းများ အားပြိုင်နေကြတဲ့ ပွဲဖြစ်ပါတယ်။ ဗျူဟာ အနှစ်ချုပ်ကတော့ CDM တိုက်ပွဲမှသည် ပြည်သူ့အုပ်ချုပ်ရေးသို့ ချီတက်မှုဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *