မေလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထွက်ပေါ်လာတဲ့ CDM ပညာရေးဝန်ထမ်းတွေကို ပုဂ္ဂလိကကျောင်းတွေမှာ မခန့်ထားဖို့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ကို အခြေခံပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီက ဒီနေ့ မေ ၂၈ ရက်မှာ ညွှန်ကြားချက်တွေကို လုံးဝလိုက်နာမှာမဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။