CDM ဝန်ထမ်းနေရာ အစားထိုးသူများကို အရေးယူမယ်လို့ ဖလမ်း CNDF ထုတ်ပြန်

CDMပြုလုပ်ထားသည့် ဝန်ထမ်းများ၏ နေရာ၌ အစားထိုးဝင်ရောက် လုပ်ကိုင်နေသူများနှင့် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှု ယန္တရားကို လည်ပတ်နိုင်ရန် ပါဝင်ပတ်သက် ပူးပေါင်း လုပ်ကိုင်နေသူများကို ဖလမ်းမြို့ CNDF အဖွဲ့က ထိရောက်သည့် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ယနေ့ မေလ ၂၆ ရက်စွဲဖြင့် CNDF က ထုတ်ပြန် လိုက်ပါတယ်။

ပြည်သူ့ဝန်ထမ်းအများအပြား တာဝန်မှ ဆိုင်းငံ့၊ အထုတ်ခံနေရချိန်တွင် အလုအယက် နေရာဝင်ယူလိုသူများ (စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားလည်ပတ်အောင် အထောက်အကူပေးလိုသူများ) ထွက်ပေါ်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *