တပ်မတော်သားများ ပြည်သူ့ရင်ခွင်သို့ ခိုဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန သဘောထားမူဝါဒ ထုတ်ပြန်ကြေညာ

ဗီလော့ဂါ ဒီးဒီးရဲ့ ဖေ့စ်ဘုတ်မက်ဆင်ဂျာအပိတ်ခံရ၊ ငွေလည်းအလိမ်ခံရဟုဆို

လတ်တလော ကယားပြည်နယ်က စစ်ဘေးရှောင် ကလေး၊ အမျိုးသမီး နှင့် သက်ကြီးရွယ်အိုတွေကို ကူညီပေးနေတဲ့ ဗွီလော့ဂါ ဒီးဒီးရဲ့ ဖေ့စ်ဘုတ်ချက်ဘောက်စ်တွေကို ၇ ရက်ပိတ်ခံထားရသလို၊ အလှူရှင်အစစ်မဟုတ်ပါဘဲ အလှူထဲက ငွေပြန်တောင်းတဲ့လူလိမ်နဲ့ကြုံခဲ့ရတယ်လို့…

အာဆီယံကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာမယ်

အကြောင်းကြောင်းကြောင့် အဟန့်အတားမဖြစ်ခဲ့ရင်၊ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အလှည့်ကျဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးချုပ်တို့ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံလာမယ်လို့ သံတမန်ရပ်ကွက်ထဲက သတင်းထွက်လာပါတယ်။ ပြီးခဲ့တဲ့ သတင်းငါးပတ်ကျော်အကြာက “အချက်ငါးချက်ပါ သဘောတူညီချက်” ကို အာဆီယံခေါင်းဆောင်တွေ…

ပူတာအိုလေဆိပ်ကို ကေအိုင်အေပစ်ခတ်

ပူတာအိုလေဆိပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဒီကနေ့မနက်ပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်လိုက်ပါတယ်။ ပစ်ခတ်မှုကြောင့် လေဆိပ်ရုံးအဆောက်အဦးတစ်လုံး ထိခိုက်ခဲ့ပေမယ့်၊ အခြားထိခိုက်မှု အသေးစိတ်ကို မသိရသေးပါ။ စစ်ကောင်စီတပ်အပါအဝင်၊ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ရုံးစိုက်…

စစ်ကောင်စီက အပစ်ရပ်ကာလ ၁ လ သက်တမ်းတိုးကြောင်းကြေညာ

ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ လာမယ့် ဇွန်လ ၃၀ ရက်နေ့အထိ အပစ်ရပ်ကာလ တစ်လထပ်မံသက်တမ်းတိုးမြင့်လိုက်တယ်လို့ မေလ ၃၀ ရက်နေ့ နေ့စွဲနဲ့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။

စစ်ကျွန်ပညာရေးစစ်တမ်း နဲ့ Homeschooling

စစ်ကျွန်ပညာရေးစစ်တမ်း- မြန်မာနိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်မှာ မျိုးဆက်နဲ့ချီနေခဲ့ကြရတာကြောင့် နိုင်ငံ့ရဲ့ပညာရေးဟာလည်း စစ်အာဏာရှင်တွေအပင်းထည့်ထားတဲ့ စစ်ကျွန်ပညာရေးပဲဖြစ်နေပါတယ်။ စစ်အာဏာရှင်တွေက သူတို့ဖြန့်ဖြူးချင်တဲ့ သူတို့အလိုကျဝါဒမှိုင်းများကို ကျောင်းသင်ခန်းစာအဖြစ်ထည့်သွင်းခြင်းနဲ့ စစ်ကျွန်ပညာရေးကို အသက်သွင်းခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာရှင်တွေဖြန့်ဖြူးချင်တဲ့ သူတို့အလိုကျဝါဒဆိုတာဟာ ဗမာလူမျိုးကြီးဝါဒ…

ပန်းချီဆရာ စောစည်သူ၀င်း လက်ရာ … ဗန်းမော်လီဆူပျိုမေပုံ

artist’s Facebook account link

စစ်ကောင်စီဥက္ကဌ၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ဘားအံ လည်ပတ်

အာဏာသိမ်းမှုနဲ့ အရပ်သား ၈၄၀ သေဆုံးမှုတို့အတွက် တာဝန်ရှိနေတဲ့ စစ်ကောင်စီဥက္ကဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိူင်ဟာ ဒီနေ့ မေ ၃၁ ရက်မှာ ကရင်ပြည်နယ်၊ ဘားအံမြို့ကို ရောက်နေတယ်လို့ KNU…

ဧရာဝတီ ကရင်လူငယ်ဦးဆောင်ကော်မတီ၏ ကရင်လူထုသို့ သတိပေးတိုက်တွန်း နှိုးဆော်ချက်ထုတ်ပြန်

မေလ (၃၀) နေ့စွဲနဲ့ ဧရာဝတီ ကရင်လူငယ်ဦးဆောင်ကော်မတီက လူထုအား သတိပေးတိုက်တွန်းနှိုးဆော်ချက် (၃) ချက်ထုတ်ပြန်လိုက်ပါတယ်။ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းများ အကြမ်းဖက်အဖွဲ့နှင့် မပူးပေါင်းရန်၊ အစိုးရကျောင်းများတွင် ကရင်စာပေသင်ကြားနေသူများ ပါဝင်သင်ကြားခြင်းမပြုရန်၊…

ပူတာအိုက ပျောက်ကြားသပိတ်

(၃၁၊ မေလ၊ ၂၀၂၁) မှာပြုလုပ်နေတဲ့ ပူတာအိုက လူငယ်တွေရဲ့ ပျောက်ကြားသပိတ်မှာ သူတို့ပေးချင်တဲ့ သတင်းစကားကို အခုလိုပါးလိုက်ပါတယ်။