AJAR ဖော်ပြလိုက်တဲ့ မြန်မာ့အနေအထား

မတ်လ ၂၄ ရက်နေ့၊ အမှန်တရား ရရှိပိုင်ခွင့်နှင့် ထိခိုက်နစ်နာခဲ့ရသူများ၏ ဂုဏ်သိက္ခာ ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အထိမ်း အမှတ်နေ့ မှာ AJAR- Asia Justice and Rights အဖွဲ့က ရန်ကုန်မှ အနုပညာရှင် အုပ်စုတစ်စုရဲ့ ကြိုးစားဖန်တီး ထုတ်ဖေါ်မှုတွေကို မြန်မာ့အရေးကို ထင်ဟပ်စေဖို့ ထုတ်ဖော်ပြသလိုက်ပါတယ်။

တရားမျှတမှုနှင့် စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာ ဆက်စပ်မှုရှိနေကြောင်း သူတို့ရဲ့ ခံယူချက်ကို “တရားမျှတမှု မဖေါ်ဆောင်နိုင်သ၍ စစ်မှန်သော ငြိမ်းချမ်းမှု မရရှိနိုင်၊ အမှန်တရားကို မဖေါ်ဆောင်နိုင်သ၍ တရားမျှတမှု ရရှိမည်မဟုတ်” လို့ဖော်ပြထားပါတယ်။

လူသားအားလုံးအတွက် အမှန်တရားလို့ပြောဆိုရာမှာ တစ်ယောက်၊ တစ်အုပ်စုတည်းအတွက်မဟုတ်ဘူးတဲ့အကြောင်း၊ ” မြန်မာနိုင်ငံအတွင်းရှိ လူသားအားလုံးအတွက် အမှန်တရားဟုဆိုရာတွင် အမျိုးသမီး၊ တိုင်းရင်းသားအားလုံး၊ ဘာသာတရား အသီးသီးမှ ပုဂ္ဂိုလ်များစသည့် လူမျိုး၊ ဘာသာ၊ ကျား၊မ၊ ဆင်းရဲ ချမ်းသာမရွေး အားလုံးပါဝင်မှု ရှိရပါမည်” လို့ သဘောထား ဖော်ပြထားပါတယ်။

AJAR- Asia Justice and Rights အဖွဲ့က အင်ဒိုနီးရှားနဲ့ ဂျာကာတာမှာ အခြေစိုက်သော အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး၊ အာဏာရှင်များနှင့် ပြည်တွင်းပဠိပက္ခရှိသော ဒေသနိုင်ငံများရဲ့ ဒီမိုကရေစီအကူးအပြောင်းမှာ ညင်သာစေဖို့ ကူညီနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *