AAC အဖွဲ့က ဦးရဲမင်းကို NUGအစိုးရတာဝန်ပေးအပ်

အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်မှတ်နဲ့ မေလ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့စာမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ AAC မဟာမိတ်အဖွဲ့က အထွေထွေတာဝန်ခံ ဦးရဲမင်းကို ထိုင်းနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် ခန့်အပ်လိုက်ပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများနဲ့ AAC တို့က စစ်ဘေးရှောင်များနဲ့ NUG အစိုးရအတွက် အလှူငွေများလည်း ထိုင်းဘတ် သန်းနဲ့ချီ ပေးလှူခဲ့ဖူးပါတယ်။

ဦးရဲမင်းဟာ ထိုင်းနယ်စပ် မြဝတီမြို့မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တွေမှာ ဦးဆောင်ပါဝင်ခဲ့ပြီးနောက် စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) နဲ့ ဝရမ်း ထုတ်ခံထားရသူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *