ပူတာအို – မြစ်ကြီးနားလမ်း ပေါ် ကားသမားကိုသတ်ပြီး ကား၊ ငွေ နှင့် ဖုန်းယူဆောင်ထွက်ပြေး a driver killed on Myitkyina – Putao Road

ပူတာအို – မြစ်ကြီးနားကားလမ်း တစ်နေရာမှာ ကားသမားဖြစ်တဲ့ ဦးငွါးဝူ (ခ) ဦးအားဆီ ကို ကားစင်းလုံး ငှားစီးလာတဲ့ လူ ၂ ယောက်က သတ်ဖြတ်ပြီး အလောင်းကို လွင့်ပစ်ထားခဲ့ပါတယ်။

သတ်ဖြတ်ခံထားရသူက မိုင်းနားမှာ နေထိုင်တဲ့ လီဆူလူမျိုးဖြစ်ပြီး၊ သတ်ဖြတ်သူ ၁ ဦးက ကျောင်းဆရာအသွင်ဖမ်းပြီး ကားစင်းလုံးငှားသွားတာဖြစ်တယ်လို့ ဆိုပါတယ်။ မှုခင်းဖြစ်တဲ့နေရာမှာလည်း အလောင်းနှင့်မနီးမဝေးမှာ ကျောင်းဆရာအင်္ကျီလို့ ယူဆရဖွယ်ရှိ တဲ့အဝတ်တွေကို စွန့်ပစ်ထားခဲ့ပါတယ်။

“ကားသမားတစ်ယောက်အသတ်ခံခဲ့ရတယ်။ အကွက်မကျတကျစီစဉ်ပြီးခရီးသည်အဖြစ်ဟန်ဆောင်သတ်သွားတာ။အသတ်ခံရသူကတော့ မိုင်းနားမှာနေထိုင်တဲ့လီဆူတိုင်းရင်းသား ဦးငွါးဝူ(ခ)ဦးအားဆီ ပါ။ ကျောင်းဆရာအဖြစ်ဟန်ဆောင် ကာကားတစ်စီးလုံးငှားဟန်ဆောင်ပြီးလုပ်သွားတာ။ဘယ်လိုစိတ်နဲ့များလုပ်ရက်ပါလိမ့် ကား ဖုန်း ပါသမျှအကုန်ယူသွားတာဗျာ့။ကျွန်တော်သိသလောက်ရေးချင်ပေမယ့် သူမိဘတွေကပဲ ကိုယ်တိုင် Media ကနေရှင်းပြပါလိမ့်မယ်။ CCTV မှာ အဲနှစ်ယောက်ရဲ့ အရုပ်ရှိတယ်လို့ပြောပါတယ်။ သိပ်ခက်တဲ့အမှုမျိုးတော့မဟုတ်ဘူးတကယ်အလုပ်လုပ်တဲ့ရဲနဲ့ဆိုရင်ခဏလေးပြန်မိနိုင်ပါတယ်။” လို့ အဲ့ဒီလမ်းပေါ်မှာ ကားမောင်းနေတဲ့ အခြားကားသမားတစ်ဦးက သူသိရသမျှ ဆိုရှယ်မီဒီယာပေါ်မှာ ရေးပြထားပါတယ်။

လူသေအလောင်းက အနည်းငယ်ပုပ်နေသည့် ပုံပေါက်နေပြီး၊ မည်သည့်နေ့ရက်မှာ အသတ်ခံရကြောင်း စေ့စပ်စွာ မသိရသေးပါ။ မကြာမီ သက်ဆိုင်ရာမိသားစုများက မီဒီယာသို့ ထုတ်ဖော်မယ်လို့ သိထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *