အမေရိကန်သံရုံးက ရန်ကုန်တွင်ရှိနေကြသည့် သူ့နိုင်ငံသားများ လုံခြုံရေးအတွက် သတိပေးစာများထုတ်ပေးနေရာမှာ မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိသော မြို့နယ်စာရင်းကို ကြေညာခဲ့ပါတယ်။
ကြေညာချက်ထဲမှာ စမ်းချောင်း၊ အလုံ၊ လမ်းမတော်တို့ကို အတော်အသင့် လုံခြုံရေးဆိုင်ရာ အန္တရာယ်ရှိသောမြို့များအဖြစ်သတ်မှတ်ထားပြီး၊ စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် လှိုင်သာယာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်း၊ မြောက်ဥက္ကလာပ မြို့နယ်များသည် လုံခြုံရေးဆိုင်ရာ အန္တရာယ်အမြင့်ဆုံးရှိသော မြို့များအဖြစ် သတ်မှတ်ထားပါတယ်။