မွန်ပြည်နယ် ဘီလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးမြင့်ဆွေဟာ ဒီကနေ့ (မေလ ၂၇ ရက်) မနက်ပိုင်းမှာ သေနတ်ပစ်ခတ်ခံရလို့ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မွန်ပြည်နယ် ကြံ့ခိုင်ရေးရုံးက သတင်းထုတ်ပြန် ထားပါတယ်။
ဦးမြင့်ဆွေနဲ့ ဇနီးတို့နှစ်ဦးဟာ ဒီကနေ့မနက် ၈ နာရီလောက်က သူတို့ပိုင်ဆိုင်တဲ့ ကြက်မောက်ခြံသွားရာ လမ်းမှာ အမည်မသိလူနှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့လို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေဟာ သေနတ်ဒဏ်ရာနဲ့ အဲဒီနေရာမှာပဲ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။