မေလ ၂၄ရက်နေ့ ကျောင်းအပ်နှံရေးနေ့မှာ မိုးညှင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းလာရောက်အပ်နှံသူ (၂)ဦးသာရှိ ကြောင်း အတွင်းသတင်း နီးစပ်သူများထံမှ သိရပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေး နှင့် စစ်အာဏာသိမ်းမှုကို မလိုလားတဲ့အတွက် နိုင်ငံတဝန်းရှိ မိဘပြည်သူအများပိုင်းက သားသမီးများကျောင်းအပ်နှံရေးကို ဆန့်ကျင်နေကြတာဖြစ်ပါတယ်။