စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးက မဖြစ်နိုင်တော့ဘူးဟု ကန်သံအမတ်ဟောင်း စကော့မာရှယ်ဆို

သံအမတ်တစ်ဦးအနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြဲဦးထိပ်ထားပေမယ့်၊ အခုလိုအနေအထားမှာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးက မဖြစ်နိုင်တော့ဘူးလို့ ကန်သံအမတ်ဟောင်း စကော့မာရှယ်က သူ့တွစ်တာကတစ်ဆင့် ပြောဆိုလိုက်ပါတယ်။

” သံတမန်တစ်ယောက်အနေနဲ့ အမြဲတမ်း စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေကို ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်(အာဏာသိမ်းအကြမ်းဖက်လူသတ်စစ်အုပ်စု) အတွက်တော့ ဒီနည်းက မဖြစ်နိုင်ပါဘူး။ ကျွန်တောမြင်တာက တွေ့ဆုံဆွေးနွေးရေးရဲ့တန်ဖိုးဆိုတာ သူတို့လုံးဝ မနိုင်တော့ဘူးဆိုတာသေချာမှ ဒါမှမဟုတ် သူတို့ ထွက်ပေါက်ရှာချင်တဲ့အချိန်မှသာ လုပ်လာမဲ့ကိစ္စဖြစ်ပါတယ်” လို့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း စကော့မာရှယ်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကိုယ့်အမျိုးသားချင်း ပြည်သူပြည်သားတွေကို ကာကွယ်ပေးရမယ့်အစား စစ်ကောင်စီဟာ လက်နက်အားကိုးနဲ့ သတ်ဖြတ်နေတာ၊ ဖမ်းဆီးထောင်ချတာ၊ ပစ္စည်းလုတာ တွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *