လုံခြုံရေးအတွက် ဖုန်းဆက်သွယ်မှု သတိပေးချက်ထွက်ပေါ်လာ

စစ်ကောင်စီက အန်အဲလ်ဒီရာထူးအကြီးပိုင်း၊ CRPHနှင့် လတ်တလော ဖမ်းဝရမ်းထုတ်ပြန်ခံရသူတို့ ကိုင်နေခဲ့သော ဖုန်းဆင်းကဒ်တွေကတစ်ဆင့် အခြားဆက်စပ် သူတွေကို စုံစမ်းထောက်လှမ်းရေးတွေ စတင်နေပြီလို့ လုံခြုံရေးသတိပေးချက်တစ်ခု ကို ပန်ဆယ်လိုက သူ့ဖေ့စ်ဘုတ် အကောင့်ကနေ ထုတ်ပြောလိုက်ပါတယ်။

“CRPH အဖွဲ့ဝင်တွေ၊ NLD ရာထူးအကြီးပိုင်းတွေနဲ့ လတ်တလောဝရမ်းထွက်ထားသူတွေရဲ့ ဖုန်းဆင်းကဒ်တွေအကုန်လုံးကို စစ်တပ်က Reactivate လုပ်ပြီး ဒီဆင်းကဒ်တွေကတစ်ဆင့် လိုက်လံဆက်သွယ် ထောက်လှမ်းနေပါပြီ။ ဒီလူတွေနဲ့ မိတ်ဆွေဖြစ်ထားသူတွေကို အသိပေးချင်ပါတယ်။ CRPH အဖွဲ့ဝင်တွေ၊ NLD အရေးကြီးပိုင်းတွေ၊ ဝရမ်းထွက်ထားသူတွေနဲ့ မိတ်ဆွေဖြစ်ထားသူတွေအနေနဲ့ အထူးသတိပြုပေးပါ။ ဒီလူတွေအားလုံး သူတို့ Sim Card တွေကို အသုံးမပြုတော့ပါဘူး။ သူတို့ရဲ့ ဖုန်းနံပါတ်တွေက ဆက်သွယ်လာပြီဆိုရင် သူတို့မဟုတ်တော့ပါကြောင်း အသိပေးပါရစေ။ ပွင့်လင်းစွာ ပြောဖို့လိုအပ်တယ်လို့ ဆုံးဖြတ်ကြတာမို့ ထုတ်ဖော်အသိပေးတာပါ။ အထူးသတိထားပေးကြပါ။”လို့တင်ထားပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် နိုင်ငံနှင့်အဝန်း ဖမ်းဆီးသတ်ဖြတ်မှုများ တိုးလာပြီး၊ လူထုရဲ့လုံခြုံရေးဟာ စိုးရိမ်စရာဖြစ်လာနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *