News: Coup junta to pass cyber security law soon in Myanmar.
အာဏာသိမ်း စစ်အစိုးရရေးဆွဲထားသည့် ဆိုင်ဘာလုံခြုံရေး ဥပဒေအပေါ် အင်တာနက်အော်ပရေတာများ၏ သဘောထား မှတ်ချက်ကို ဖေဖော်ဝါရီလ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့ရန် တောင်းဆိုထားသည်။
ဆိုင်ဘာလုံခြုံရေးဆိုင်ရာ ဗဟိုကော်မတီတွင် ဥက္ကဌဖြစ်သူသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဌက ဆောင်ရွက်မည်ကြောင်း ဆိုင်ဘာလုံခြုံရေးဥပဒေ (မူကြမ်း) တွင် ဖော်ပြထားသည်။ ဆိုင်ဘာလုံခြုံရေးဥပဒေအရ အင်တာနက်ခြေရာလက်ရာများကို တရားရုံးများတွင် တရားစွဲဆိုရာတွင် သက်သေတင်ပြခွင့်လည်း ပါဝင်နေပါသည်။
တိုက်ဆိုင်စွာပင်လျှင်၊ အတည်မပြုရသေးသော သတင်းရင်းမြစ်တစ်ခုက ယမန်နေ့တွင် တရုတ်ပြည် ကူမင်းမှ နေပြည်တော်သို့ လေယာဉ် ၅ စင်းဆင်းသက်ခဲ့ပြီး၊ မြန်မာနိုင်ငံအတွက် အင်တာနက်အကာအရံတံတိုင်းခေါ် internet network firewall တည်ဆောက်ပေးမည့် တရုတ်နည်းပညာ ကျွမ်းကျင်သူများ ပါဝင်သည်ဟု ဆိုထားသည်။
မည်သို့ပင်ဆိုစေကာမူ၊ အာဏာသိမ်းစစ်အစိုးရသည် နှုတ်ဖျားမှ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဟု ရေရွတ်နေသော်လည်း၊ ကွန်မြူနစ်ယိမ်းသော အပြုအမူများ၊ ကန့်သတ်မှုများကို စောလျင်စွာ ပြုနေပြီ၊ မြန်မာပြည်သူလူထုသည် အမှောင်နေ့ရက်များဆီသို့ မနှေးအမြန် ရောက်သွားတော့မည်ဟု ဟု လေ့လာသူများက သုံးသပ်စိုးရိမ်နေကြပါသည်။
Note: မူကြမ်းအပြည့်အစုံလိုပါချင်ပါက Comment မှာ မှာယူနိုင်သည်။ပို့ပေးမည်။
