အာဏာရှင်စနစ် မိတ်ဆက် …


အာဏာရှင်ဟာ သူကလွဲပြီး ဘယ်သူ့ကိုမှ စကားမပြောစေချင်ဘူး။ ဒါကြောင့် သတင်းမီဒီယာကို သတ်လိုက်တယ်။

အာဏရှင်ဟာ သူတို့ကလွဲလို့ ဘယ်သူ့ကိုမှ ပညာမတတ်စေချင်ဘူး။ ဒါကြောင့် တွေးခေါ်နိုင်တဲ့ ပညာတတ်တွေကို အရမ်းမုန်းတယ်။

အာဏာရှင်ဟာ ကျွမ်းကျင်မှုတွေကိုကြည့်ပြီး ရာထူးရာခံ ပေးလေ့မရှိပါတဘူး။ သူတို့ခိုင်းသမျှ ရက်ရက်စက်စက် အမိန့်နာခံမှု တစ်ခုတည်းနဲ့ပဲ ရာထူးတိုးပေးတတ်တယ်။

အာဏာရှင်ဟာ သူကလွဲလို့ ဘယ်သူ့ကိုမှ စီးပွားရေးမလုပ်စေချင်ဘူး။ ဒါကြောင့် သူ့ပြိုင်ဘက်လို့ထင်တဲ့ စီးပွားရေးသမားတွေအားလုံးကို ဖမ်းထားလိုက်တယ်။

အာဏာရှင်ဟာ ဘယ်သူ့ကိုမှ အာဏာမပေးထားချင်ဘူး။ အပြန်အလှန်ချိန်ညှိရတာ မကြိုက်ပါဘူး။ ဒါကြောင့်ပဲ နိုင်ငံရေးအာဏာသုံးရပ်စလုံးကို သိမ်းကျုံးယူပစ်လိုက်တယ်။

အာဏာရှင်ဟာ လူမှုရေးတွေကို စိတ်မဝင်စားဘူး။ ဒါကြောင့် လူမှုရေးပင်စင်တွေ၊ နာရေးအသင်းတွေရဲ့ငွေတွေကို ဘုန်းလိုက်တယ်။

အာဏာရှင်ဟာ ကိုယ့်သားသမီးကိုတော့ နိုင်ငံခြားမှာ ကျောင်းထားတယ်။ အများပြည်သူကိုတော့ သမိုင်းအမှားတွေသင်ပြီး ခိုင်းနွားဖြစ်အောင်လုပ်တယ်။

အာဏာရှင်ဟာ ကောင်းပေ့ဆိုတဲ့ နိုင်ငံခြားဆေးရုံတွေမှာ ရောဂါကုကြတယ်။ ပြည်တွင်းမှာတော့ ဆရာဝန်မရှိ၊ ဆေးမရှိတဲ့ ကျန်းမာရေးဝန်ဆောင်မှုမျိုး ထားပစ်လိုက်တယ်။

အာဏာရှင်ဟာ သစ်တွေ၊ သတ္တုတွေ၊ ဂက်စ်တွေ လိုသလောက်ထုတ်တယ်။ ရသလောက်ယူတယ်။ သက်ဆိုင်ရာပြည်နယ်သူ/သားတွေကို အကျိုးပြုရာတစ်ခုတစ်လေတောင် မလုပ်ပဲ ပစ်ထားတယ်။

အာဏာရှင်ဟာ သတင်းနည်းပညာတွေကို ဖိနှိပ်ဖို့အတွက်သုံးတယ်။ တိုးတက်ရေးလေ့လာနေတဲ့ မျိုးဆက်သစ်အတွက် အင်တာနက် ပိတ်ပစ်တယ်။

အာဏာရှင်ဟာ ဘယ်တော့မှာ ငါတို့က အာဏာရှင်ကွလို့ ဝန်မခံပါဘူး။ ဘာတဲ့ ဒီမိုကရေစီဆိုပြီး လမ်းလယ်မှာ မဲမဲမြင်သမျှ ပစ်သတ်လိုက်တယ်။

အာဏာရှင်ဟာ သူ့ဟာသူတော့ ပျော်အောင်နေပေမယ့်၊ လူထုတွေပျော်နေမှာကို အရမ်းမနာလိုဖြစ်တယ်။

အာဏာရှင်ဟာ သူ့ပိုင်ဆိုင်သမျှကို နည်းနည်းလေးမှ အထိမခံပေမယ့်၊ လူထုရဲ့ပိုင်ဆိုင်မှုမှန်သမျှကို ကြိုက်သလိုယူချင်တယ်။

အာဏရှင်ဟာ သူ့ကိုယ်သူ ခြောက်ပစ်ကင်း သဲလည်းစင်သလိုနေပြီးတော့၊ လူထုကိုတော့ ထုတ်ပြန်ချက်တွေနဲ့ ပစ်ရစ်ပြီး အမြဲတမ်း အပြစ်ရှိနေအောင် ထားလိုက်တယ်။

အာဏာရှင်ဟာ ကိုယ့်ကားတွေကို သနေပေမယ့်၊ သူ့ကားတွေကိုတော့ ဘူဒိုဇာနဲ့ ထိုးပစ်တယ်။

အာဏာရှင်ဟာ သူလုပ်ချင်ရာလုပ်ဖို့ အမိန့်တွေထုတ်တယ်။ ပြည်သူကိုတော့ အနိမ့်မှာထား ဖိနှိပ်လိုက်တယ်။

အာဏာရှင်ဟာ ကိုယ်ကျိုးရှာသူတွေကို နဲနဲလေးပေးကျွေးပြီး ခိုင်းတယ်။ အတွေးအခေါ်တွေကိုပြောင်းပြီး ဘဝကိုပါသတ်လိုက်တယ်။

အာဏာရှင်ဟာ ကိုယ့်သားသမီးတွေကို ပိုးမွေးသလိုမွေးထားပေမယ့်၊ ကျောမွဲတွေကို သတ်ပြီး လူမမယ်ကလေးတွေကို မိဘမဲ့ ဖြစ်စေတယ်။

တကယ်ကြုံရင်နားလည်ပိုင်းခြားတတ်ဖို့ အာဏာရှင်မိတ်ဆက် (Introduction to Dictatorship) တွေပဲဖြစ်ပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *