အမြန်လမ်းမှာ လူစစ်ဆေးနေပြီ


ရန်ကုန်- နေပြည်တော် အမြန်လမ်းပေါ်မှာ မနေ့ မတ် ၂၁ရက်က စတင်ပြီး အိမ်စီးကားနဲ့ခရီးတင်ကားပေါ် လိုက်ပါလာသူတွေကို စစ်တပ်နဲ့ရဲက သူတို့စာရင်းစာရွက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးနေပါတယ်။

“မိုင်တိုင် ၁၆၀ နားမှာ အစစ်ခံရတယ်။ ကားတန်းရှည်ကြီးနဲ့ဖြစ်သွားတာ။ တစ်ချို့ဆိုရင် ရန်ကုန်ထဲ လှည့်ပြန်ကြတာတွေ့ရတယ်” လို့ ခရီးသည်တစ်ဦးက ပြောပြပါတယ်။

အမြန်လမ်းတစ်လျှောက် စစ်ကောင်စီက ည ၈ နာရီကနေ ၄ နာရီအထိ အိမ်စီးကားသာမက ခရီးသည်တင်ကားတွေကိုပါ ဖြတ်သန်းမောင်းနှင်ခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ပဲခူးလမ်းနှင့် အမြန်လမ်း လမ်းဆုံမှတ်တိုင်၊ ဇီးရိုးမိုင်မှာလည်း ကုန်တင်ကား၊ ခရီးသည်ကားတွေကို ရပ်တန့်စစ်ဆေးတာတွေ ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *