အမေရိကန်ကလေးများ ထောက်ပံ့ကြေးရတော့မယ်

ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန်အစိုးရအနေနဲ့ မိသားစု ၃၉ သန်းအတွက် အကျိုးဖြစ်ထွန်းစေမည့် ကလေးသူငယ်ထောက်ပံ့ကြေးအစီအစဉ်ကို လာမည့် ဇူလိုင် ၁၅ ရက်ကနေ့ စတင်မယ်လို့ မေလ ၁၇ ရက်နေ့က ကြေညာသွားပါတယ်။

အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး Jen Psaki က ဤအစီအစဉ်ကို “သမိုင်းတွင်မည့်အစီအစဉ်” အဖြစ် ညွှန်းဆိုခဲ့ပြီး၊ “အမေရိကန်လူဦးရေ ၁၁ သန်းကို ဆင်းရဲမွဲတေမှုကနေ ဆွဲထုတ်နိုင်လိမ့်မယ်၊ ဆင်းရဲတဲ့ကလေးဦးရေ တစ်ဝက်လောက်ကို လျှော့ချနိုင်လိမ့်မယ်” လို့ဆိုပါတယ်။

၁.၉ ထရီလီယံဒေါ်လာ ကုန်ကျမည့် ယခုအစီအစဉ်ဟာ ဝင်ငွေနည်း အမေရိကန်မိသားစုများကို အကျိုးသက်ရောက်စေမှာ ဖြစ်ပြီး၊ အဆိုပါ ကလေး သူငယ်ထောက်ပံ့ကြေးအစီအစဉ်အရ ၆ နှစ်အောက် ကလေးတစ်ယောက်လျှင် တစ်လ ၃၀၀ ဒေါ်လာ၊ ၆ နှစ်မှ ၁၇ နှစ်အထိ ကလေးသူငယ် တစ်ဦးလျှင် ဒေါ်လာ ၂၅၀ နှုန်းပေးအပ်သွားမယ်လို့ ဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *