အာဏာသိမ်း စစ်ကောင်စီ၏ တရားစွဲဆိုခြင်းခံထားရသည့် နိုင်ငံတော်၏ဥသျှောင်တို့ကို မေလ ၂၄ ရက်နေ့က တီဗွီမှာ ပထမဦးဆုံးအကြိမ် တွေ့လိုက်ရပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်တို့ကို မေလ ၂၄ ရက်က နေပြည်တော်ကောင်စီရုံးဝင်းအတွင်းရှိ သီးသန့်တရားရုံးမှာ ရုံးထုတ်ခဲ့တာ ဖြစ်ပါတယ်။