အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးဆာယောဟန် CDM ပါဝင်လာ

ကချင်းပြည်နယ်၊ ဆော့လော်မြို့ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးဆာယောဟန် သည် ယနေ့ မတ်လ ၂၆ ရက်နေ့မှာ CDM ပါဝင်လာတယ်လို့ သိရပါတယ်။

“စစ်အာဏာရှင်မှ နိုင်ငံတော်၏အာဏာကို မတရားသိမ်းယူထားမှုကို မလိုလားကြောင်း၊ ယင်းစစ်အာဏာရှင်လက်အောက်တွင် ဆက်လက်၍ တာဝန် ထမ်းဆောင်လိုခြင်း မရှိတော့ပါ” လို့ CDM ပါဝင်လာရသည့် အကြောင်းရင်းကို စာရေးဖော်ပြထားပါတယ်။ ဆရာကြီးက ပင်စင်ယူဖို့ အချိန်လည်း နီးကပ်နေသူဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ CDM လှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေပြီး၊ မြန်မာနိုင်ငံရဲ့ CDM ခေါ် လူထုရဲ့အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ၂၀၂၂ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် ပညာရှင်တစ်စုက မတ်လ ၂၂ ရက်နေ့မှာ အမည်စာရင်းတင်သွင်းထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *