ဟိုပင်မြို့က အာဏာရှင်ဆန့်ကျင်ရေး ဖျော်ရည်လှုပ်ရှားမှု

အာဏာရှင်ဆန့်ကျင်မှု အမှတ်အသား လက်သုံးချောင်းထောင်တံဆိပ် နှင့် အတူ “ငါတို့တတွေ နိုင်မှာကွ” လို့စတစ်ကာကပ်ထားတဲ့ ဖျော်ရည်ဗူးတွေ ဝေမျှတဲ့ ဖျော်ရည်ကမ်ပင်း (လှုပ်ရှားမှု) ကို ဟိုပင်မြို့က ဂျန်ဇီတွေက ယနေ့ မတ်လ ၂၂ ရက်နေ့မှာ စတင်လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ဆန်ံ့ကျင်ကန့်ကွက်ရာမှာ ကြက်သွန်ကောက်တာ၊ ဖိနပ်ကြိုးချည်တာ၊ ထမီအလံထောင်တာ၊ ကားပျက်တာ၊ ကားအနှေးမောင်းတာ၊ လူမဲ့ဆန္ဒပြပွဲ၊ ရေနစ်ဗွီနိုင်းထောင်တာ စသည့်ဖြင့် တစ်နိုင်ငံလုံးက ဂျန်ဇီတွေရဲ့ အကြမ်းမဖက်အနုနည်းနဲ့ ဖောက်ထွက်အတွေးနဲ့ လှုပ်ရှားမှုများစွာကို တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *