Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the wp-appbox domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/techmmne/public_html/lisutimes.com/wp-includes/functions.php on line 6121

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the instagram-feed domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/techmmne/public_html/lisutimes.com/wp-includes/functions.php on line 6121

Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the newscard domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/techmmne/public_html/lisutimes.com/wp-includes/functions.php on line 6121
သူတို့အတွေး၊ သူတို့လမ်းကြောင်း |

သူတို့အတွေး၊ သူတို့လမ်းကြောင်း

၂၀၁၆၊ အရာရှိဖြစ်ခါစကနေ စစ်တပ်အာဏာမသိမ်းခင်အထိ မိုးကျရွှေကိုယ်တွေနဲ့ အနီးကပ်ဆက်ခံခဲ့ဖူးတယ်။ ရင်းရင်းနှီးနှီးနေခဲ့ဖူးတယ်။ ဘာဖြစ်လို့ သူတို့နဲ့ အဆင်ပြေအောင်နေတာလဲ၊ ရင်းရင်းနှီးနှီးနေတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားရင်ကြားစေ့ရေးမူဝါဒ(National Reconciliation Policy)ကြောင့်။၂၀၁၆ အစိုးရဖြစ်ခါစမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့စကားတစ်ခုရှိတယ်- “ဝန်ထမ်းတွေကို ဖြုတ်ထုတ်သတ် မလုပ်ပါဘူး။ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးနေတဲ့စိတ်ဓာတ်တွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အချိန်လိုအပ်ပါတယ်။ အဲဒါကြောင့် ကျမ အချိန်ပေးပါမယ်။ ကျမတို့အနေနဲ့ အမျိုးသားရင်ကြားစေ့ရေးမူဝါဒကိုကျင့်သုံးပြီးတော့ တပ်မတော်နဲ့ ပြည်သူ၊ တပ်မတော်နဲ့ အစိုးရ၊ အရပ်ဘက်-တပ်ဘက် ဆက်ဆံရေးတွေ တိုးတက်အောင် ဆောင်ရွက်သွားပါ့မယ်” ဆိုတဲ့စကားကြောင့်။

သူဟာ သူပြောတဲ့စကားအတိုင်း ကျင့်သုံးနေထိုင်တဲ့အတွက် သူ့ကိုလေးစားသောအားဖြင့် ကျွန်တော်လည်း အရပ်ဘက် တပ်ဘက်ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားခဲ့တာပါ။ မိုးကျရွှေကိုယ်တွေနဲ့ ပြဿနာမဖြစ်အောင်၊ အဆင်ပြေအောင် နေခဲ့တယ်။ တကယ်တမ်းကျ အဲဒီ့လိုမှမနေရင်လည်း အလုပ်လုပ်လို့ မဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ဌာနတိုင်းမှာ တပ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့စစ်သား (လစာနှစ်သီးစား မိုးကျရွှေကိုယ်) တွေက ရာထူးအကြီးပိုင်းတွေယူထားလို့ပဲ။သူတို့နဲ့ အနီးကပ် လက်တွဲလုပ်ကိုင်ဖူး၊ ရင်းရင်းနှီးနှီးဆက်ဆံဖူးတော့ စစ်သားတွေ၊ မိုးကျရွှေကိုယ်တွေရဲ့ စဉ်းစားတွေးခေါ်ပုံ၊ ဉာဏ်ရည်ဉာဏ်သွေး၊ စိတ်နေသဘောထား၊ ခံယူချက်၊ လုပ်ရည်ကိုင်ရည်တွေကို နားလည်ခဲ့တယ်။ ကုန်ကုန်ပြောရရင် အူမချေးခါးကအစ အကုန်သိခဲ့တယ်။

သူတို့ထင်တာက ကျွန်တော့်ကို စစ်တပ်ထောက်ခံသူ၊ ကြံ့ခိုင်ရေးသဘောကျသူလို့ထင်နေတာ။ ဘာလို့အဲ့လိုထင်တာလဲဆိုရင် သူတို့နဲ့ ရင်းရင်းနှီးနှီးနေရင် သူတို့ကို သဘောကျတယ်ထင်တယ်။ သူတို့ကို ဆန့်ကျင်ရင် NLD ထောက်ခံသူလို့ ထင်ကြလို့။ သူတို့ အတွေးအခေါ်က အဲ့လို။“လူ့အကြောင်းပေါင်းမှသိ” စကားပုံလိုပဲ။ ပေါင်းကြည့်လေ သူတို့အကြောင်းပိုသိလေ။ သူတို့အကြောင်းပိုသိလေ သူတို့ကို အထင်မကြီးလေဘဲ။Brainwash အလုပ်ခံထားရတဲ့ ဉီးနှောက်တွေက ဘာတွေတွေးသလဲဆိုတော့ ရာထူးရအောင် လုပ်မယ်။ ရာထူးရရင် အာဏာရမယ်။ အာဏာနဲ့နေရာရရင် ပိုက်ဆံရမယ်။ ပိုက်ဆံရှိရင် သူတို့သားသမီးတွေကို ကျောင်းကောင်းကောင်းထားမယ်၊ စီးပွားရေးလုပ်မယ်၊ သုံးဖြုန်းမယ်၊ မယားငယ်ထားမယ်၊ မိန်းမပွေမယ်၊ ဟန်ပြ ဘုရားတရားလုပ်ပြမယ်။ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒါယကာဘွဲ့ခံလိုက်ရင် လူတွေက လေးစားမယ်။ သူတို့ကို တပည့်ခံရင် အရိုးအရွင်းလေး ပေးကိုက်မယ်။ နေရာပေးမယ်၊ မြှောက်စားမယ်။ သူတို့ကို အာခံရင်/သူတို့ကို ဆန့်ကျင်ရင် ဒုက္ခရောက်အောင်လုပ်မယ်။ ဘဝပျက်အောင်လုပ်မယ်။ ဒါ သူတို့ရဲ့ စိတ်ဓာတ်၊ ခံယူချက်နဲ့ လုပ်နေကျပုံစံပဲ။

စစ်သားစဖြစ်ကတည်းက Brainwash ဘယ်လိုအလုပ်ခံရသလဲဆိုတော့ “ပြည်သူသာအမိ ပြည်သူသာအဖ မဟုတ်ဘဲ တပ်မတော်သာအမိ တပ်မတော်သာ အဖ” ဆိုပြီး Brainwash အလုပ်ခံရတယ်။ အဲဒီ့တော့ တပ်မတော်ဆိုတာ နိုင်ငံတော်ရဲ့ကယ်တင်ရှင်၊ စစ်သားဆိုတာ အားလုံးထက်ပိုပြီး မြင့်မြတ်တယ် ဆိုတဲ့အတွေးတွေ ရှိနေကြတယ်။ ထမင်းကျွေးနေတာ ပြည်သူဆိုတာတောင် နားမလည်ဘူး။ ပြည်သူ့ဘဏ္ဍာနဲ့ စားနေရတာကို တပ်မတော်ကကျွေးထားလို့ စားနေရတယ်၊ အဘတွေကျေးဇူးကြောင့် စားနေရတယ်လို့ ထင်ကြတယ်။ အဲဒါကြောင့် သူတို့အထက်က အဘတွေကို မဟာကျေးဇူးရှင်အဖြစ် ကိုးကွယ်နေကြတယ်။ “ရေဗူးပေါက်တာ မလိုချင်ဘူး၊ ရေပါတာပဲ လိုချင်တယ်” ဆိုတဲ့ မူဝါဒကြောင့် အထက်ကခိုင်းရင် အကုန်လုပ်ရတယ်။ မှားမှားမှန်မှန် ပြန်ပြောခွင့်မရှိဘူး။ လူ့အခွင့်အရေး(Human Rights) တို့ ဒီမိုကရေစီ (Democracy) တို့ရဲ့ အဓိပ္ပာယ်ကို နားမလည်ကြရှာဘူး။ အဲဒီ့လို နားမလည်တော့ ကိုယ့်ကို လူအခွင့်အရေးချိုးဖောက်လို့ ချိုးဖောက်နေမှန်း မသိကြဘူး။

နိမ့်ကျတဲ့လစာ၊ ညံ့ဖျင်းတဲ့ အစားအသောက်၊ အရည်အသွေးမမီတဲ့ အသုံးအဆောင်ပစ္စည်းတွေ သုံးစွဲပြီး တိုက်ပွဲဝင်နေရတာကို ဂုဏ်ယူနေကြတယ်။ ကိုယ့်ကိုဂျင်းထည့်ပြီး လူ့အခွင့်အရေးချိုးဖောက်နေမှန်းမသိကြဘူး။ သူတို့အတွက် လုံလောက်တဲ့လစာနဲ့အသုံးစရိတ်ကို နိုင်ငံတော်က ပေးထားပြီးသား၊ အဲဒီ့ပိုက်ဆံတွေကို အဆင့်ဆင့် ဖြတ်ခုတ်ထားတယ်ဆိုတာ သေသာသေသွားတယ် မသိကြရှာဘူး။ တချို့က တပ်ကနေထွက်ပြီး အရပ်ဘက်ပြောင်း။ တပ်ပင်စင်နဲ့ အရပ်ဘက်လစာ နှစ်မျိုးစားပြီး မိုးကျရွှေကိုယ်ဘဝရောက်လာတာတောင် အမြင်မှန်မရကြရှာဘူး။ သူတို့ ဂျင်းထည့်ခံထားရတာတွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ မစားရဝခမမ်း ပြန်ပြောနေကြရှာတယ်။ လစာနည်းနည်းလေးနဲ့ ဖြစ်သလိုစားပြီး နိုင်ငံတော်ကို ကာကွယ်ခဲ့တာ၊ အသက်ပေးပြီး ကာကွယ်ခဲ့တာ။ ငှက်ပျောအူဖက်ကိုက်ပြီး တိုက်ပွဲဝင်ခဲ့တယ်ဆိုတာမျိုး။

Brainwash အကြီးကြီးအလုပ်ခံထားရတဲ့အထဲမှာ ဉီးနေဝင်း၊ ဉီးသန်းရွှေ၊ ဉီးသိန်းစိန်တို့ဟာ တကယ့် ဟီးရိုးတွေ၊ ဗိုလ်ချုပ်တောင် ဗီလိန် ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အသေမုန်းအောင် Brainwash လုပ်ကြတာ။ စစ်သားတွေတင်မဟုတ်ဘူး၊ စစ်သားမိသားစုဝင်တွေပါ ဒေါ်အောင်ဆန်းစုကြည်ကိုမုန်းအောင် Brainwash လုပ်ကြတာ။ “အဖွားကြီးက နိုင်ငံခြားသားယူခဲ့တာ၊ နိုင်ငံခြားကို အထင်ကြီးတယ်။ သူအုပ်ချုပ်ရင် ကုလားတိုင်းပြည်ဖြစ်မှာ၊ ဘာသာသာသနာကို ဖျက်မယ့်သူ၊ ပြည်ဖျက်မယ့်မိန်းမ ” စတဲ့ အချက်တွေကို ၁၉၈၈ ခုနှစ်လောက်ကတည်းက တပ်ထဲမှာတင်မဟုတ်ဘူး၊ နိုင်ငံပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေမှာပါ brainwash လုပ်ခဲ့ကြတာ။ အတိုချုပ်ပြောရရင် ဒီလိုလူတွေဉီးဆောင်တဲ့ အဖွဲ့အစည်း၊ ဒီလိုမျိုး brainwash အလုပ်ခံထားရသူတွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းက လုပ်တဲ့လုပ်ရပ်တွေဟာ ဘယ်လိုလုပ်ပြီး ကောင်းနိုင်တော့မလဲ။ တိုင်းပြည်မပျက်ဘဲ ခံနိုင်ရိုးလား။ စိတ်ဓာတ်မကောင်း၊ စေတနာမကောင်း၊ အကျင့်မကောင်း၊ လုပ်ရပ်မကောင်း၊ ဘာဆိုဘာမှမကောင်းတဲ့ အဖွဲ့အစည်း။ အလုံးစုံပျက်သုဉ်းနေတဲ့ အဖွဲ့အစည်း။ လူအချင်းချင်း ဂျင်းထည့်နေတဲ့အဖွဲ့အစည်း။

ဇာတ်တူသားစားနေတဲ့ အဖွဲ့အစည်း။တချို့ ဘောမတွေက ပြောကြသေးတယ်။ မြန်မာပြည်မှာ စည်းကမ်းအရှိဆုံး၊ အင်အားအကြီးဆုံး၊ စနစ်အကျဆုံး အဖွဲ့အစည်းတစ်ခုပဲ ရှိတယ်။ အဲဒါ တပ်မတော်တဲ့။ စစ်တပ်တဲ့။ ဘာစားပြီးကြီးလာသလဲလို့ မေးရမယ့်လူတွေ။မအလပြောတာတော့ “စစ်တပ်အာဏာသိမ်းပြီး (၄)လအတွင်းမှာ တိုးတက်လာတယ်” တဲ့ ။ အမှန်တကယ် တိုးတက်လာတာက စစ်ဘေးရှောင်တွေ၊ ဒုက္ခသည်တွေ၊ အလုပ်လက်မဲ့တွေ၊ သေဆုံးသူတွေ နဲ့ ပြည်ပကြွေးမြီတွေပဲ။အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank –ADB) ရဲ့ ၂၀၂၁ ခုနှစ် ဧပြီလ အစီရင်ခံစာအရ မြန်မာနိုင်ငံရဲ့ GDP Growth Rate ဟာ ၂၀၁၉ ခုနှစ်မှာတုန်းက ၆.၈ % တိုးတက်ခဲ့တယ်။ ၂၀၂၀ မှာတုန်းက ကိုဗစ်ဖြစ်နေတာတောင် ၃.၃ % တိုးတက်ဆဲဖြစ်တယ်။ အခု ၂၀၂၁ ဧပြီလအထိ စာရင်းတွေအရ – ၉.၈ % ကျဆင်းသွားခဲ့ပြီ။ ကိုဗစ်ဖြစ်တာတောင် အနှုတ်လက္ခဏာမဖြစ်ခဲ့ဘူး။ ဘယ်လောက်တောင် ရင်နာစရာကောင်းလိုက်သလဲ။ သေဆုံးသူတွေထဲမှာ အပြစ်မဲ့ပြည်သူတွေပါတယ်၊ အညွန့်တလူလူတက်နေတဲ့ လူငယ်တွေပါတယ်။ အပြစ်ကင်းတဲ့ကလေးငယ်တွေပါတယ်။ ရဟန်းသံဃာတွေပါတယ်။ brainwash အလုပ်ခံထားရတဲ့ စစ်သားတွေပါတယ်။ စတေးခံတွေပေါ့။ သူတို့က ရှေ့တန်းမှာ ပြည်သူနဲ့အချင်းချင်းပစ်ခတ်နေတဲ့အချိန် မအလက သူ့သမီးဆေးရုံဖွင့်ပွဲတက်နေတယ်။ အစုလိုက်အပြုံလိုက် ခွေးသေဝက်သေသေလည်း စိတ်မဝင်စားဘူး။ မအလတို့စိတ်ဝင်စားတာ သူတို့အကျိုးစီးပွားပဲ။ သူတို့မိသားစုကိုမှ လူထင်ကြတာမျိုး။

အဲဒီတော့ ဒီအဖွဲ့အစည်းက ပြန်ပြီးတော့ ပြင်ဆင်မှကို ဖြစ်တော့မှာ။ တချို့လူတွေ နားလည်အောင် ပြောပြချင်တာက နွေဉီးတော်လှန်ရေးဟာ လူတစ်ယောက်၊ လူတစ်စု၊ ပါတီတစ်ခု ကောင်းဖို့အတွက် လုပ်နေတာမဟုတ်ဘူး။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကို မရှိတော့အောင် ဖျက်ဆီးနေတာမဟုတ်ဘူး။ နွေဉီးတော်လှန်ရေးအောင်မြင်သွားရင် အကျိုးကျေးဇူးဖြစ်မယ့်အထဲမှာ စစ်သားနဲ့ရဲတွေလည်း ပါတယ်။ ကောင်းမွန်သွားမယ့် အဖွဲ့အစည်းထဲမှာ စစ်တပ်ရော၊ ရဲတပ်ဖွဲ့ရော ပါတယ်။ ဒီလူယုတ်မာတွေ မရှိတော့ရင်၊ သူတို့ကို ဖယ်ထုတ်လိုက်ရင် ပြည်သူချစ်သောတပ်မတော်၊ ပြည်သူ့ရဲတပ်ဖွဲ့ဆိုတာ သေချာပေါက်ဖြစ်လာတော့မှာ။ ရဲနဲ့စစ်သားဆိုရင် ပြည်သူတွေက လေးစားချစ်ခင်၊ ယုံကြည်အားကိုးကြမှာ အသေအချာပဲ။အခုတော့ သူတို့ကို ကြောက်ရရုံမကဘူး။ သူတို့မိန်းမတွေ၊ သားသမီးတွေကိုပါ တုန်နေအောင် ကြောက်နေရတဲ့‌ခေတ်။ အဓိပ္ပာယ်မရှိတာတွေပြောနေရင်လည်း နားထောင်နေရတဲ့ဘဝ၊ မဟုတ်ကဟုတ်ကတွေခိုင်းလည်း လိုက်လုပ်နေရတယ်မဟုတ်လား။

အကြောင်းတရား(cause) ကြောင့် အကျိုးတရား(effect) ဖြစ်လာတာတောင် နားမလည်တဲ့သူတွေက ဗုဒ္ဓဘာသာ မပျောက်ပျက်အောင် ကာကွယ်ကြမတဲ့။ ကိုယ်လုပ်တာ မဟုတ်လို့ လူတွေက မထောက်ခံတာကို သဘောမပေါက်ဘဲ တော်လှန်တဲ့သူတွေကို အဖျက်သမားတဲ့။ သေမှာကြောက်လို့ ပရိတ်ရွတ်ခိုင်းသတဲ့။ အမှန်တရားတွေပြောနေ၊ ရေးနေတဲ့သူတွေရဲ့ Facebook Account တွေကို Report ထုခိုင်းသတဲ့။ စဉ်းစားသာကြည့်ကြပါတော့ …ဒီလူတွေသာ အုပ်ချုပ်ခွင့်ရသွားရင် တိုင်းပြည်ဘယ်လောက်အထိ စုတ်ပြတ်သတ်သွားဉီးမယ်ဆိုတာကို။စကားမစပ်… ကိုဗစ် မဖြစ်အောင်တော့ ဂရုစိုက်ကြပါ မိတ်ဆွေတို့။ ဖြစ်ရင် ကွပ်ပျစ်နဲ့ နေရမှာနော်။ အလောင်းတော်က စီစဉ်ထားပြီးပြီတဲ့ ။ဪ… စေတနာတွေ ကွာခြားလိုက်ပုံများ။ လုပ်ရပ်တွေက တခြားစီ ။ဒီတိုက်ပွဲ ကျွန်တော်တို့နိုင်မှဖြစ်မှာ…..

မိုးခ(13.6.2021)1:11 PM

Leave a Reply

Your email address will not be published. Required fields are marked *