လီဆူအနုပညာရှင် ကိုယောတီဖာကို မြစ်ကြီးနားမှာပထမဦးဆုံးအကြိမ်ရုံးထုတ်

ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုခံထားရတဲ့ လီဆူအနုပညာရှင် ကိုယောတီဖာကို ဒီကနေ့ မတ်လ ၂၂ ရက်နေ့ မြစ်ကြီးနားမှာ ပထမဦးဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

သူ့ရဲ့အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်က ကိုယောတီဖာကိုရုံးထုတ်ချိန်မှာ သွားတွေ့တော့ သူ့ကိုဖမ်းမိဖို့ သတင်းပေး ဒလံ တစ်ယောက်က အနုပညာသမားအချင်းချင်းပဲ ဆိုတာသိခဲ့ရပြီး အလွန်အံ့သြခဲ့ရတယ်။ ဒီအချိန်မှာ အားလုံးပဲ လုံခြုံရေးအတွက် အလွန်သတိထားကြရမယ်လို့ ဆိုလိုက်ပါတယ်။

“သူကိုယ်တိုင် ဒလန်ကဘယ်သူဆိုတာ‌ပြောပြလို့ သိလိုက်ရချိန်မှာအလွန်းအလွန်အံဩသွားခဲ့ရတယ် 😡😡 ။ ကိုယ့်အနုပညာသမားအချင်းချင်း ဗျာ ပါစပ်လုံးဝမသမ်ယမ်းသင့်ပါ။ သူ့နာမည်တော့ကျွန်တော်မပြောချင်တော့ဘူးဗျာ ။ အစစအရာရာ ဂရုစိုက်ကြပါ။” လို့ ကိုယော်တီဖာ သူငယ်ချင်းက မှတ်ချက်ပေးပါတယ်။

တရားလို ဒုရဲအုပ် ရှိန်းနောင်နောင်က ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့် တရားစွဲဆိုထားတာဖြစ်ပြီး၊ နောက်ထပ်တစ်ကြိမ်ရုံးချိန်းကတော့ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ တစ်ရက် ဖြစ်တယ်လို့သိရပါတယ်။

“ဒီမိုကရေစီနဲ့သွားမယ်လို့ ဆိုထားပေမယ့် ပြောရေးဆိုခွင့်အားလုံး ဆိတ်သုန်းသွားတာပဲ။ အမြန်လွတ်မြောက်လာပါစေလို့ ဆုတောင်းပေးနေတယ်” လို့ သူ့ကိုချစ်ခင်ရင်းနှီးသူတွေက မေတ္တာပို့ကြပါတယ်။

လီဆူအနုပညာရှင် ကိုယောတီဖာက ယုံကြည်ရာကို ပြောရဲဆိုရဲရှိသူ တစ်ဦးဖြစ်ပြီး၊ မြစ်ကြီးနားမှာ ရှိနေစဉ် ဒလံတွေရဲ့သတင်း ပေးအကူအညီနဲ့ ၂၀၂၁ နှစ်၊ ဖေဖော်ဝါရီလ ၂၈ ညသန်းခေါင်ယံမှာ အဖမ်းခံခဲ့ရပါတယ်။ မတ်လ ၃ ရက်နေ့မှာ မြစ်ကြီးနားထောင်ကို ပို့လိုက်ပြီး အခုလို ရုံးထုတ်စစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *