ရေမှတ်ဉာဏ်

ရေမှာမှတ်ဉာဏ်ရှိတယ်
water memory လို့ခေါ်တယ် တဲ့။
molecule memory
မော်လီကျူး တွေ နဲ့
မှတ်တာလို့ ဆိုပါတယ်။

အဆိုးဆုံးတွေကို ဖြတ်သန်းပြီး
မှတ်တမ်းတင်ထားခဲ့တဲ့ရေ ကို
သောက်မိရင် ကမ္မဇီဝရုပ် ကို
ထိခိုက်တယ် တဲ့။
ဒါဟာသိပ္ပံနည်းကျ
စမ်းသပ်တွေ့ရှိထားတာမို့
အံ့သြမိပါတယ်။

ယူကျူ့ မှာ နိုဘယ်ဆုရ
ပုဂ္ဂိုလ်တဦးအပါအဝင်
ပညာရှင်တွေဆွေးနွေးထားတာကို
တစ်နာရီနီးပါး ကြည့်မိတယ်။
သိပ္ပံလွန် ကိစ္စတွေမို့ မယုံတတ်ခဲ့လို့
ဒီလို လေ့လာချက်တွေ
တခါမှ မယုံခဲ့ဘူး။

အခုတော့ သိပ္ပံ နဲ့
ပြသချက်တွေကြည့်ပြီး
နည်းနည်းယုံချင်ချင်ဖြစ်လာတယ်။

အိန္ဒိယက ဂုရုတပါးက
ရေဟာ သူ့ကို ဖြစ်ညှစ်ပြီး
ပိုက်အဆင့်ဆင့် နဲ့ ထွန်းထုတ်
တိုးထွက်လာရရင် အဲ့ဒီရေဟာ
သေလုမြောပါးဖြစ်နေတဲ့ရေ၊
သောက်ဖို့မသင့်တော်ဘူး၊
မိနစ်နှစ်ဆယ်လောက်
အနားပေးရမယ်တဲ့၊
ရေတံခွန်တွေက စီးဆင်းလာတဲ့
ရေဟာကိုင်ကြည့်ရင်
ပိုးလိုပဲနုညံ့တယ်တဲ့။

မော်လီကျူးတည်ဆောက်ပုံ
သေးငယ်သစ်လွင်တဲ့ရေတွေဟာ
အသက်ရှည်အနာမဲ့တယ်။
ဟိမဝန္တာရေခဲမြစ်တွေက
ကျလာတဲ့ရေတွေ ဟာ
အသက်ရှည်စေတယ်။

အေးမြစိမ်းစိုပြီး သန့်စင်တဲ့
ရေပေါတဲ့ စကင်ဒီနေးဗီးယန်း
နိုင်ငံက လူတွေအသက်ရှည်ကြတယ်။
ပြင်သစ်နိုင်ငံ vian
တောင်တန်းပေါ်ကစီးဆင်းတဲ့
ချောင်းရေသောက်သူတွေဟာ
အသက်ရှည်ကြတယ်။

အီဗီယန်ရေ ဟာ
အရည်အသွေးကောင်းလွန်းလို့
စျေးအလွန်ကြီးပါတယ်။

ရေကို ကျေးဇူးတင်စကား
ပြောပြီးမှ သောက်ရင်
ရေထဲက မော်လီကျူး
တည်ဆောက်ပုံပြောင်းသွားတယ် တဲ့။
ရေဟာ သူဖြတ်သန်းခဲ့သမျှ
အကောင်းအဆိုး အခြေအနေတွေကို
မှတ်ထားတယ် တဲ့။

water memory လို့
ယူကျူ့မှာရိုက်ကြည့်ကြဗျ၊
အများကြီးတွေ့ရမယ်။
မော်လီကျူး က
သူဖြတ်သန်းခဲ့တာတွေကို
image လိုမှတ်ထားတာ တဲ့၊
ဘာလို့ အဲ့လိုဖြစ်တာလဲ
လေ့လာနေကြပါတယ်။

ရေရဲ့ Memory ဆိုတာ လူရဲ့
အမှတ်သညာလိုပြောတာမဟုတ်ဘူး၊
ပါတ်ဝန်းကျင်ကို pick up လုပ်ပြီး
မော်လီကျူးတည်ဆောက်ပုံ
ပြောင်းတာကို ဆိုလိုတာတဲ့။

ရေကိုအကြောင်းပြုတဲ့
အရည်ဟာ modern technology မှာ
အရမ်းအရေးပါလာတယ်။
liquid ထဲ computer memory တွေစုတယ်၊
LCD တွေထုတ်တယ်၊
ရေကနေခွဲထုတ်ပြီး
ဟိုက်ဒရိုဂျင်ဗုံးတွေထုတ်တယ်၊
ရေ က နေ ထုတ်တဲ့ဓါတ်တွေဟာ
ပိုပြီး စွမ်းအားပြင်းတယ်လို့ သိလာရတယ်။

ကျွန်တော်တို့
တောင်တန်းသာသနာပြုဆရာတော်ကြီး
ပရိတ်ရွတ်ရင် ရေထပွက်တယ် ဆိုတာ
သူ့ စင်ကြယ်မှုတွေ အာနိသင်တွေ
ရေထဲကိုပျော်ဝင်စီးဆင်းတာထင်ပါရဲ့။
ရေမန်းနဲ့တင်ရောဂါပျောက်တယ်
ဆိုတာလည်း ရေကို မန်းမှုတ်ပြီး
သန့်စင်တဲ့စွမ်းအင်ထည့်
ကုသနည်းတခုနေမှာပေါ့။

ဘာသာတရားအားလုံးဟာ ရေ ကို
အခြေခံပြီး အသုံးပြုကြတာတော့
သတိထားမိတယ်။
ဗုဒ္ဓဘာသာက ရေမန်း၊
ခရစ်ယာန်တွေက နှစ်ခြင်း ဖြန်းခြင်း၊
ဟိန္ဒူကတော့ အများကြီး၊
အစ္စလာမ်ကဆေးကြောသန့်စင်ခြင်း။

ရေကို ညပိုင်းမှာ
ပန်းလေးတပွင့်ထည့်ထားပြီး
မနက်မိုးလင်းမှ သောက်ရင်
သန့်စင်ပြီး အားပြည့်တဲ့ရေရတယ်တဲ့။

ရေကိုခဏငြိမ်ငြိမ်လေး
ထား လိုက်ပြီးမှ သောက်တာ
ကောင်းတယ်လို့ ပြောတယ်၊
အနည်းဆုံး အနယ်ကျသွားတာပေါ့၊
သီချင်းဖွင့်ထားတဲ့ရေ၊
မိမိဘာသာတရားအလိုက်
နာထားတဲ့ရေ ဆိုတော့
အနည်းဆုံး အဲ့ဒီအသံ ကိုယ်ကြားပြီး
စိတ်ချမ်းသာရတာပေါ့၊ အကျိုးမနည်းပါဘူး၊

လူ့မှာ ၇၀% ရေပါတယ်၊
ဆဲလ်မှာ၉၉% ရေ နဲ့ဖွဲ့စည်းထားတယ်၊
လူ့ရဲ့ မှတ်ဉာဏ်တွေအားလုံးကလည်း
လူထဲက အရည်တွေထဲမှာ
သိုမှီးထားတဲ့ electron တွေ
neutron တွေ
molecule structure တွေထဲမှာ
ဖြစ်နေတာ ဆိုတာ တော့
နည်းနည်းသတိထားမိမှာပါ။

တကယ်တော့ ကျွန်တော်တို့
ဦးဏှောက် ဟာ data တွေကို
အရည်တွေနဲ့ သိုမှီးထားတဲ့
အရည်ပြစ်ပြစ်အတုံးကြီးတခုပါပဲ။

ရေမှာ memory ရှိတာ
ဟုတ်ရင်လည်းဟုတ်မှာပဲ၊
မဟုတ်ရင်လည်း ရေကို
သန့်သန့်ထားလို့ အကျိုးမယုတ်ပါဘူး။

အိန္ဒိယမှာတော့ ရေ ကို
ကြေးနီခွက်တွေနဲ့ သောက်ကြတယ်၊
ကြေးနီက လျပ်ကူးရာမှမြန်တယ်၊
ရေရဲ့ အဆိုးမှတ်ဉာဏ် ကို
ကြေးနီက သန့်စင်ပေးတာ ထင်ပါရဲ့။

ဘီသိုဘင်၊မိုးဇက်ရဲ့
သီချင်းတွေဖွင့်ပေးထားတဲ့ ရေနဲ့
ဆဲဆိုကြိမ်းမောင်းထားတဲ့ရေတွေ
မော်လီကျူ့ ပုံစံတခုနဲ့တခု
မတူတာလည်း သိပ္ပံဓါတ်ခွဲခန်းထဲ
ခွဲ ပြတာကြည့်လိုက်ရတယ်။

သတ္တဝါအားလုံးအတွက်
အရေးအကြီးဆုံးဟာရေပါပဲ။
ဂြိုလ်တခုကို လူနေလို့ရ မရ
လေ့လာတဲ့အခါ ရေရှိမရှိ နဲ့
ဆုံးဖြတ်ကြတယ်။

ယုံတာ မယုံတာ အပထား၊
ရေသန့်သန့်အေးအေး ကို
ပရိတ်တရားလေး၊
သီချင်းအေးအေးလေး၊
စပယ်ပန်းလေးတပွင့်မျှောပြီး
နှပ်ထားတဲ့ ရေတခွက်
မနက်တိုင်းသောက်ကြည့်ပေါ့။

မိုးလင်းရင် ခပ်မွှေးမွှေး
အနံ့လေး နဲ့ ကိုယ်ခန္တာသန့်စင်ဖို့
ရေသောက်ဖြစ်တဲ့
ကျန်းးမာရေးအမြတ်တခု တော့
အနည်းဆုံး ထွက်လာနိုင်ပါတယ်။

မူရင်းစာရေးသူမသိပါ။ ဗဟုသုတအတွက် အင်တာနက်မှ ကူးယူဖော်ပြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *