ရန်ကုန် မှ နေပြည်တော်ခရီးတစ်လျှောက် (၆) နေရာစစ်ဆေး

မတ်လ ၂၃ ရက်နေ့မှာ ရန်ကုန်က နေပြည်တော်သို့ သွားခဲ့တဲ့ ခရီးသည်တွေရဲ့အတွေ့အကြုံအရ ပွိုင့် (၆) နေရာမှာ စစ်ဆေးခံရတယ်လို့ သတင်းပေးပို့လာပါတယ်။

zero မိုင်၊ မိုင် ၄၀၊ ၁၁၅ မိုင်၊ မိုင် ၁၆၀၊ မိုင်၂၀၀ နဲ့ နေပြည်တော်အဝင် ဂိတ်တွေမှာ ယဉ်မှတ်ပုံတင်စစ်တာ၊ ကျား/မ လူဦးရေစစ်ဆေးတာ၊ တစ်ချို့ဆိုရင် မှတ်ပုံတင်နဲ့ တိုက်စစ်တာတွေကို တပ်ကလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“နေပြည်တော်ဂိတ်ကတော့ ကားပေါ်ကကို ဆင်းပြီး စာရင်းပေးရပါတယ်။ စစ်ဆေးရေးပွိုင့်တိုင်းမှာ ကားတွေက တန်းစီနေတာနဲ့ အရမ်းကြာတယ်” လို့ အမည်မဖော်လိုတဲ့ ခရီးသည်က ပြောပြပါတယ်။

တော်လှန်ရေးနေ့ တစ်ဖြစ်လဲ တပ်မတော်နေ့နီးကပ်နေတာကြောင့် လုံခြုံရေးတင်းကျပ်တာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *