ရန်ကုန်မှာ မာရှယ်လောမြို့နယ် (၄) ခုထပ်တိုး

၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံတောင်ပိုင်း၊ ဒဂုံမြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာမြို့နယ်တို့ကို Martial Law စစ်အုပ်ချုပ်ရေးထုတ်ပြန်လိုက်ပါတယ်။

ယမန်နေ့ မတ်လ ၁၄ ရက်နေ့တွင် လှိုင်သာယာ မြို့နယ် နှင့် ရွှေပြည်သာ မြို့နယ်တို့ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ စိတ်ရှိသလို ဖမ်းဆီးနှိပ်စက်ချုပ်နှောင်မှုများ၊ လမ်းမနှင့် အိမ်အထိ လိုက်လံ ပစ်သတ်မှုများ ဖြစ်ပေါ်နေပါတယ်။

ယူအဲန်နှင့် ပါဝါကြီးနိုင်ငံတို့က သဘောထား ထုတ်ပြန်ချက်များကိုသာ ထုတ်လျှက်ရှိပြီး မြန်မာ့မြေမှာ ဒီမိုကရေစီစနစ် တိုးတက်ဖြစ်ထွန်းမှုများ မတွေ့ရပါ။

Leave a Reply

Your email address will not be published. Required fields are marked *