News:Myanmar banks close ATM shortage.
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်တွေ တံခါးပိတ်ထားသလို၊ ATM စက်များမှာလည်း ငွေကုန်နေလို့ ဘဏ်အသုံးပြုသူများ ငွေထုတ်ယူဖို့ အခက်အခဲရင်ဆိုင်နေကြပါတယ်။နိုင်ငံခြားမှ ပြည်တွင်းဘဏ်များသို့ ငွေလွှဲလုပ်ငန်းအားလုံးလည်း လုံးဝရပ်ဆိုင်းနေပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်းရှိ CB Bank မှာတော့ စာအုပ်နဲ့ ငွေထုတ်ယူခွင့်ပြုကြောင်း သတင်းရပါတယ်။၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့က စတင်ပြီး ဘဏ်များအားလုံးဖွင့်လှစ်ရန် အာဏာသိမ်းစစ်ကောင်စီက အမိန့်ပေးခဲ့သော်လည်း ပုဂ္ဂလိကဘဏ်အများစုက မဖွင့်ခဲ့ကြပါ။

