ကယားပြည်နယ်က စစ်ဘေးရှောင် ကလေး၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုတွေအတွက် ရံပုံငွေရှာပြီး ကူညီပေးနေတဲ့ ဗွီလော့ဂါ ဒီးဒီး ရဲ့ဘဏ်အကောင့်တွေ ဇွန်လ ၁၄ ရက်နေ့ကစတင်ပြီး ပိတ်ခံလိုက်ရပါတယ်။
” လောလောဆယ် မြန်မာနိုင်ငံက ကျွန်တော့်ရဲ့ Bank accounts တွေအကုန်အပိတ်ခံလိုက်ရပါတယ်။ ကျွန်တော် က စစ်ရှောင် ကလေးသူငယ်နဲ့ အမျိုးသမီးတွေကို သာ ကူညီတာပါ။ ဘာလို့ပိတ်သလဲဆိုတာတော့အတိအကျ မသိရသေးပါဘူးဗျာ့။ ဒါပေမယ့်အလှုရှင်တွေ စိတ်မပူပါနဲ့ လို့ပြောချင်ပါတယ်။ “
လက်ရှိမှာ အကောင့်အတုတွေ၊ အလှူခံလင့်အတုတွေအများကြီး ရှိနေတာဖြစ်ပြီး အလှူရှင်တွေအနေနဲ့ သတိထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒီးဒီးကတစ်ဆင့် ကယားပြည်နယ်ရှိ စစ်ဘေးကြုံနေရသူတွေကို လက်ရှိလှုချင်ရင် GoFundMe ကတစ်ဆင့် လှုလို့ရတယ်လို့ဆိုပါတယ်။ လင့်ကတော့
gofundme.com/2dz112zy20 ဖြစ်တယ်လို့သိရပါတယ်။