CDM လှုပ်ရှားသူများကို ငွေကြေးထောက်ပံ့သည်ဟု စွပ်စွဲကာ ပွင့်လင်းလူ့အဖွဲ့ အစည်းမြန်မာ ဝန်ထမ်း (၁၁) ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
လတ်တလော ဘဏ္ဍာရေးမန်နေဂျာ ဒေါ်ဖြူပပသော် ဖမ်းဆီးစစ်ဆေးခံနေရပြီး၊ ထပ်ပြီးတော့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမျိုးမြင့်အောင် နှင့် ဝန်ထမ်း ၁၁ ဦးကိုလည်း ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်ပါတယ်။
အမှုဆောင်ဒါရိုက်တာ ဒေါက်တာမျိုးမြင့်အောင်က ကျပ်ငွေသိန်းပေါင်း ၁၃၉၉၉ သိန်းနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မတ်လ ၁၅ ရက်နေ့မှာ မြန်မာ့ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းမြန်မာကို ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ပညာရေးတွေကို အားပေးနေတဲ့၊ သူဌေးကြီးဂျော့ချ်ဆိုးရိုးက ၁၉၇၉ မှာ စတင်တည်ထောင်ထားတဲ့၊ Open Society Foundation ကထောက်ပံ့နေတာဖြစ်ပါတယ်။