ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို စစ်ကောင်စီလက်နက်ကိုင်များဖမ်းဆီး

ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို ဧပြီလ ၁ ရက်နေ့ နံနက် ၁၁ နာရီဝန်းကျင်မှာ စစ်ကောင်စီ လက်နက်ကိုင်များက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

“ဟုတ်ပါတယ်။ ကျွန်တော်တော်တို့ လီဆူစာပေနှင့် ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ရွေးကောက်ပွဲအတွက် စည်းမျဉ်းစည်းကမ်း တွေ ပြန်လည်သုံးသပ် ရေးဆွဲနေတာ ၂ ပတ်လောက်ရှိပါပြီ။ ဒီနေ့အစည်းအဝေးလုပ်နေရင်းနဲ့ လက်နက်ကိုင်တွေ ဝင်လာပြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူကို ဖမ်းခေါ်သွားပါတယ်။ လွှတ်မြောက်လာဖို့ ဆုတောင်းပေးကြပါ” လို့ အစည်း အဝေးထဲမှာပါဝင်သူတစ်ဦးက ပြောပြပါတယ်။

ဒေါ်ခေါ်မာဝူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆော့လော်မြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် နေရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိထားသူဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *