ပြင်ဦးလွင်မှာ တပ်မတော်လေယာဉ်တစ်စီးပျက်ကျ၊ ၁၂ ဦးသေဆုံး၊ ၂ ဦးအသက်ရှင်



ပြင်ဦးလွင်အနီးစခန်းလေဆိပ်အနီး တပ်မတော်လေယာဉ် တစ်စီး ယနေ့ ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် ပျက်ကျခဲ့ပြီး ၁၂ ဦးသေဆုံး၊ ၂ ဦး အသက်ရှင်တယ်လို့ သတင်းတက်လာပါတယ်။

ပြင်ဦးလွင်မြို့၊ သုံးတောင်အုပ်စု၊ ကျောက်ဖျာဒိုးကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမ ဈေးကုန်းပရယတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင် မင်္ဂလာအခမ်းအနားပြုလုပ်ရန်၊ ဈေးကုန်းဆရာတော် ဒေါက်တာ ဘဒ္ဒတကဝိသာရ ဆရာတော် အပါအဝင် သံဃာ နှင့် အလှူရှင် ၈ ဦး၊ လေယာဉ်အမှုထမ်း ၆ ဦးလိုက်ပါလာသည့်လေယာဉ်သည် နံနက် ၈ နာရီခန့်တွင် ပြင်ဦးလွင် အနီးစခန်းလေဆိပ်အနီးပျက်ကျခဲ့တယ်လို့ စစ်ကောင်စီ လက်နက်ကိုင်တပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။



လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းကို ရာသီဥတုကြောင့်ဟုဆိုထားပြီး၊ လေယာဉ်ပျက်ကျရာမှာ မောင်ဘုန်းပြည့် နှင့် တပ်ကြပ်ကြီး ကောင်းစံဝင်း နှစ်ဦးအား ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယခု လေယာဉ်ပျက်ကျရာမှာ ပျံလွန်တော်မူသွားတဲ့၊ မဲခိုးမှုကြောင့် အာဏာသိမ်းလိုက်ရတာပါလို့ ဖေဖော်၀ါရီလ ၂ ရက်နေ့က စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိုင်ကိုယ်တိုင် လျှောက်ထားခဲ့ဖူးတဲ့ ကျောင်းကုန်းဆရာတော်က အစိုးရမင်းအဆက်ဆက် ကိုးကွယ်ဆည်းကပ်ခဲ့ကြသော သက်တော် ၈၀ ကျော် ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *