ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှုဖြင့် ထပ်မံတရားစွဲခံရ

ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရစဉ် လက်ကျန်ငွေနည်းလာသည်ဟု ပြောဆိုသည်ကိုအကြောင်းပြု၍ စစ်ကောင်စီက ဇွန်လ ၉ ရက်နေ့မှာ အဂတိလိုက်စားမှုဖြင့်အမှုတစ်ခု ထပ်ဆွဲဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ဇွန်လ ၇ ရက်က ရုံးထုတ်ရာတွင် ၎င်းနှင့် အတူနေ ၈ ဦးအတွက် ရိက္ခာနှင့် လိုအပ်သည့် ဆေးဝါးများ ကူညီပေးရန် ရှေ့နေများထံ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။

သူတောင်းဆိုသည့်အတိုင်း ကနဦးအနေဖြင့် ဆန်နှင့်ဆီ စသည့် အစားအသောက် ပစ္စည်း ၄ သိန်းဖိုးအား ရဲတပ်ဖွဲ့မှတဆင့် ဝယ်ပို့ပေးခဲ့ကြောင်း ၎င်း၏ ရှေ့နေတဦးက ပြောပြပါတယ်။

နေအိမ် အကျယ်ချုပ် ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ ထောက်ပံ့မှုအား လက်မခံကြောင်း ငြင်းဆိုကာ ကိုယ်ပိုင် ငွေကြေးဖြင့်သာ ရပ်တည်သည့်အတွက် အခက်အခဲကြုံ တွေ့လာရမှုအား အကူအညီ တောင်းခံခြင်းသည် အာဏာသိမ်း စစ် ကောင်စီက စွပ်စွဲမှုများအပေါ် ချေပခဲ့ခြင်း သဘောသက်ရောက်ကြောင်းလည်း ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက မှတ်ချက်ပြုသည်။

ဒေါ်အောင်ဆန်းစုကြည်အား တရားဆွဲဆိုထားသော အမှုတွဲထဲတွင် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံမှ အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် ရွှေ ၇ ပိဿာရယူခဲ့ကြောင်းလည်း စွပ်စွဲထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *