Local News: South Dagon, the military council armed street murder Burn.
တောင်ဒဂုံမှာ စစ်ကောင်စီလက်နက်ကိုင်များ လမ်းပေါ် လူသတ်၊ မီးရှို့ပစ်ထားခဲ့တာကို ဒီမနက် မတ်လ ၃၀ မှာ တွေ့ရတာ ဖြစ်ပါတယ်။

“မတ်လ ၂၉ တစ်ညလုံးလမ်းမှာ စစ်သားနဲ့ရဲတွေ့စောင့်ပြီး ပြည်သူကို ရန်စဆဲဆို ပစ်ခတ်နေခဲ့တာ။ မနက်သူတို့ ထွက်သွားတော့ ဒီလိုလုပ်ထားတာတွေ့ရတယ်။ သတ်ဖြတ် မီးရှို့ခံရသူက ဘယ်သူမှန် မသိရသေးဘူး။ ရက်စက်လွန်းတယ်”လို့ရပ်ကွက်သားတစ်ယောက်က မှတ်ချက်ပေးပါတယ်.။