မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်လက်နက်ကိုင်အဖွဲ့ DKBA နှင့် KNLA ငြိမ်းချမ်းရေး ကောင်စီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ( ALP) တိုင်းရင်းသားလက်နက်ကိုင် (၄) ဖွဲ့သည် မတ်လ ၂၇ ရက်နေ့၊ တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်မည်ဟု အတွင်းရပ်ကွက်တွေထဲက သတင်းထွက်လာပါတယ်။
တိုင်းရင်းသားတော်လှန်ရေးသမားများအနေဖြင့် အလုပ်လုပ်ရာမှာ ခေါက်ရိုးကျိုးနေလို့ဆက်လုပ်နေကြတာလား၊ ခံယူချက်နဲ့လုပ်သလားဆိုတာ သိပ်ပြီးမသေချာလှဘူးလို့ ၀ေဖန်ချက်တွေထွက်လာပါတယ်။