စစ်တပ်အာဏာသိမ်းမှုကိုအကြောင်းပြု၍ သွေးသားတော်စပ်မှုကို စွန့်လွှတ်သူများရှိလာ

ချင်းပြည်နယ် ဖလမ်းခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမူး၏သမီး ၂ ဦးက ဓမ္မ နှင့် အဓမ္မကြားမှာ အယူအဆမတူသဖြင့်၊ ၎င်းတို့၏ဖခင်ကို ဖခင်အဖြစ်မှစွန့်လွှတ်ကြောင်း ဖေ့စ်ဘုတ်မှာ ရေးတင်လိုက်ပါတယ်။

“ကျွန်မ မသီရိရည်မွန်သည် ကျွန်မ၏သွေးသားတော်စပ်သော (ဖခင်) ဦးရည်မွန် Yi Mon နှင့် ဓမ္မ နှင့် အဓမ္မ ဘက်တွင်ရပ်တည်ချက်မတူသဖြင့် ကျွန်မသည် ဦးရည်မွန်အား ကျွန်မ မိသားစုနှင့်မသက်ဆိုင်တော့ပါကြောင်း၊ ဦးရည်မွန်နှင့်ပတ်သတ်သည့်မည်သည့်အကြောင်းအရာမှ ကျွန်မ၏မိသားစုနှင့် မသက်ဆိုင်ပါ‌တော့ကြောင်း ကြေညာအပ်ပါသည်။ ကျွန်မကို ဦးရည်မွန်ကဲ့သို့ brain wash ခံရတဲ့သူ မဖြစ်အောင် ၊ဓမ္မတရားကို လေးစားတတ်အောင် လမ်းပြပေးသော အမေနှင့်သာ အမြဲရပ်တည်သွားမည်ဖြစ်ပါသည်။ အမေ အရမ်းကျေးဇူးတင်ပါတယ်။❤️ မိသားစုဝင်တွေအားလုံးအတူတူဆုံးဖြတ်ချက်ချခဲ့တာမို့ လုံးဝနောက်မဆုတ်ပါဘူး။PS. သူ့ကို ဝိုင်းပြီး social punishmentလုပ်ပေးကြပါ။ ဒုခရိုင် အုပ်ချုပ်ရေးမှူး ၊ဖလမ်းခရိုင်
(အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန)” ဟု မသီရိရည်မွန်က သူမ၏လူမူကွန်ရက်တွင်ရေးသားသည်။

“Social punishment လုပ်ပေးကြပါ။ ကူညီပေးကြပါ။ ဒီလူကတော့ နွေဦးတော်လှန်ရေးတွင်ပါဝင်နေသော သူ၏သားသမီးအရွယ် လူငယ်များ၏ သေဆုံးမှုကိုဝမ်းမနည်းကြောင်း၊ လမ်းပေါ်ထွက်လို့ သေရကြောင်း၊ နိုင်ငံတော် ဆူပူထကြွအောင် လုပ်ဆောင်နေသည်ဟု ပြောခဲ့သည်။ သူကိုယ်တိုင်လည်း CDM မလုပ်သည့်အပြင် CDM လုပ်သောဝန်ထမ်းများအား စော်ကားမော်ကား ပြောခဲ့ပါသည်။ အာဏာရှင်စနစ်ကို ပြည်သူနဲ့အတူ တွန်းလှန်နေသော ကျွန်မမိသားစုကို ခြိမ်းခြောက်မှုများလည်း ပြုလုပ်ခဲ့သည်။ ဤကဲ့သို့ ဘောစုပ်ဘောမကို သူ၏သွေးပါသော မိသားစု(ကျွန်မမိသားစု)ကိုယ်တိုင် ရာသက်ပန် ပြတ်ဆဲပါသည်။ ဝိုင်းပြီး social punishment လုပ်ပေးကြပါ။ တောင်းဆိုပါတယ်။ ဦးရည်မွန်နှင့် ပတ်သက်သော မည်သည့်အကြောင်းအရာမဆို ကျွန်မတို့မိသားစုနှင့် မပတ်သက်တော့ပါကြောင်း ၊ ကျွန်မမိသားစုတွင် ဓမ္မဘက်တွင် ရပ်တည်သောအမေသည်သာအရာရာ ဖြစ်ကြောင်း နှင့် ကျွန်မ၏မိသားစုသည် ဦးရည်မွန်ကိုရာသက်ပန် မိသားစုဝင်အဖြစ်မှ စွန့်လွှတ်ပြတ်ဆဲလိုက်ပြီ ဖြစ်ကြောင်း ထပ်လောင်း ကြေညာအပ်ပါသည်။”ဟု သော်တာရည်မွန်က သူမ၏လူမူကွန်ရက်တွင်ရေးသားသည်။

“သူတို့ကို social punishment လုပ်ခံရမှာကြောက်လို့ ကာထားကြတာ။ သူတို့တွေကို သနားဖို့စဉ်းစားလိုက်တိုင်း သေဆုံးသွားကြတဲ့သူတွေကို သတိရပါ။ ဖခင်စွန့်၊ မိခင်စွန့်၊ သားသမီးစွန့်၊ လင်မယားပြတ်စဲ စတာတွေကတော့ ဂျင်းတွေရှိနိုင်တယ်။ SP ရှာင်ချင်တဲ့ ဂျင်းတွေပါ” စသည်ဖြင့် နွေဦးတော်လှန်ရေးသမားများအကြား သတိပေး ရေးသားကြပါတယ်။

ယခင်ကလည်း စစ်တပ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ သဘောထားမတိုက်ဆိုင်သဖြင့် လားရှိုးမြို့က ဦးဇော်ဝမ်းဆိုသူကို သူ့သားက ဖခင်အဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *