စစ်ကောင်စီ နဲ့ဆက်စပ် ၁၆ ဦးကို အမေရိကန်အစိုးရ အရေးယူမှုတိုး

မြန်မာနိုင်ငံက နောက်ထပ် လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)တို့ကို မေလ ၁၇ ရက်နေ့မှာ အမေရိကန်အစိုးရရဲ့ အရေးယူမှုစာရင်းထဲ ထပ်တိုးထည့်လိုက်ပါတယ်။

အရပ်သား စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေ၊ မန်းငြိမ်းမောင်၊ စိုင်းလုံစိုင်း၊ အစိုးရအဖွဲ့ဝင်တွေထဲကဆိုရင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်၊ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းထွန်းနောင်၊ စီးပွားကူးသန်းဝန်ကြီး ဦးပွင့်ဆန်း၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ ကျန်းမာရေးဝန်ကြီး ဦးသက်ဆိုင်ဝင်း၊ သဘာဝသယံဇာတဝန်ကြီး ဦးခင်မောင်ရီ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင်မြင့်၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်း၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့အပြင် စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးတချို့ရဲ့ သားသမီးတွေကိုလည်း စာရင်းထဲ ထည့်သွင်းထားလိုက်တာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *