စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင်းရှိ ကျေးရွာတစ်ရွာကို ဒီနေ့ မေလ(၁၃)ရက်နေ့ မနက်(၄)နာရီမှာ စစ်ကောင်စီလက်နက်ကိုင်များက ပိတ်ဆို့စစ်ဆေးရှာဖွေခဲ့ရာ လက်လုပ်သေနတ်၊ တူမီးသေနတ်နှင့်လက်လုပ်ဗုံး အများအပြားကို သိမ်းဆည်းလိုက်ပါတယ်။
စစ်တပ် အာဏာသိမ်းသည်ကို မကျေနပ်သော မြန်မာပြည်သူများက လမ်းပေါ်ထွက် ဆန္ဒပြသည်ကို စစ်ကောင်စီလက်နက် ကိုင်များက သေနတ်ပစ်ခတ် သတ်ဖြတ်တာခံရပြီးနောက်၊ ဂျန်ဇီအများအပြားသည် လက်နက်ကိုင်တော်လှန်ရေးဘက်သို့ ကူးပြောင်းနေခြင်းဖြစ်သော်လည်း၊ သတင်းလုံခြုံရေးအားနည်းသွားသည်နှင့် အရာရာမရှုမလှ ဖြစ်ကြရတယ်လို့ သိရပါတယ်။