ဖမ်းဆီးခံKNUအဖွဲ့ဝင်အမျိုးသမီးအား ပြန်မလွှတ်ပေးပါက ပြည်သူနှင့်အတူ ပြင်းထန်သောတုံ့ပြန်မှုနှင့်ရင်ဆိုင်ရမည်ဟု KNU ကျောက်ကြီးဒေသခံကရင်လူမှုအဖွဲ့မှ စစ်ကောင်စီအားသတိပေးစာတစ်စောင်ကို မေလ ၂၄ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
ကျောက်ကြီးဒေသခံ ကရင်လူမှုအဖွဲ့ဝင် နော်အေးကြိုင်အား စစ်ကောင်စီလက်နက်ကိုင်များက မေလ ၂၄ ရက်နေ့ မနက် ၄း၃၀ တွင် သူမနေအိမ်ကနေ အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ထုတ်ပြန်စာထဲမှာ ဖော်ပြထားပါတယ်။
