ခေတ်သစ်ကျေးညီနောင် (OPINION)

နွေဦးတော်လှန်ရေးထဲက စိတ်မကောင်စရာ အဖြစ်တွေထဲမှာ သူတို့နှစ်ဦးရဲ့ အဖြစ်ကလည်း ပါဝင်နေမယ်လို့ ယူဆပါတယ်။

သူတို့ နှစ်ယောက်က တစ်အူထုံ့ဆင်းပေမယ့် ခံယူရပ်တည်ချက်ခြင်း မတူညီခဲ့ကြပါဘူး။ နောက်ဆုံးမှာ အစ်ကိုက ဖိနှိပ်သူနေရာ၊ ညီငယ်က အဖိနှိပ်ခံနေရာ ရောက်ခဲ့ကြပြီး ညီငယ်ကသေကွဲနဲ့ ဒီဘဝသူ့အစ်ကိုနဲ့ပတ်သက်မှုတွေကို အဆုံးသတ်လိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးမိုးလှိုင် (မဲကြီး) စစ်ကြောရေးမှာ သေဆုံးခဲ့တယ်။ အကောင်းအတိုင်းခေါ်သွားခံရပြီး သေဆုံးတော့လည်း မိသားစုဝင်တွေက အလောင်းတောင် မမြင်လိုက်ရတဲ့အဖြစ်ပါပဲ။ သူ့ကို စစ်ကောင်စီ လက်နက်ကိုင်တွေက မေလ ၂၂ ရက်နေ့မှာ ဖမ်းခေါ်သွားခဲ့ပြီး စစ်ကြောရေးစခန်းမှာ မေလ ၂၄ ရက်နေ့ သူသေဆုံးခဲ့ပါတယ်။

ဦးစိုးမိုးလှိုင်၏ အစ်ကို ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်မှာ စစ်ကောင်စီက ခန့်အပ်သည့် ပြည်ထဲရေးဒုဝန်ကြီးဖြစ်သည့်အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်နေပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကို ဖြိုခွင်းရာတွင် အဓိကအားဖြင့် တိုက်ရိုက်ပါဝင်ပတ်သက်သူ စစ်ကောင်စီလက်ပါးစေ ဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။

သူတို့နှစ်ဦးကတော့ တစ်မိဖွားပေမယ့်၊ ရပ်တည်ချက်မတူညီခဲ့ပါဘူး။ ၁၉၈၉ ကရင်ပြည်နယ် စစ်မြေပြပင်တစ်နေရာမှာလည်း ရပ်တည်မှု မတူညီကြလို့ စာရေးချိန်းဆိုပြီး တိုက်ပွဲဆင်ခဲ့ကြဖူးတယ်လို့ သိရပါတယ်။

အာဏာရှင်တွေဟာ ကိုယ်ကျိုးအတွက် ကိုယ့်ညီအစ်ကိုအချင်းချင်းလည်း ရက်စက်တတ်ကြပါတယ်။ ဘယ်အချိန်မဆို သူတို့နှစ်ယောက်အကြောင်းတွေးမိရင် ရင်ထဲမှာ ဆို့နင့်မိသလို၊ ငယ်ငယ်တုန်းက ကျေးညီနောင်ပုံပြင်ကိုပဲ ပြေးမြင်မိပြန်ပါတယ်။

အခုတော့ ညီအစ်ကိုနှစ်ယောက်ရဲ့ လမ်းခွဲမှာ … ဘယ်သူဟာ ပြည်သူ့မေတ္တာရလိုက်ပါသလဲ။ ပြည်သူ့ဘက်ရပ်တည်ခဲ့တဲ့ ဦးစိုးမိုးလှိုင်တစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *