ကိုယ်နေတဲ့နေရာမှာစစ်ဘေးကြုံရရင် …..

ကိုယ်နေတဲ့နေရာမှာစစ်ဘေးကြုံရရင် …..
အရေးပေါ် အသက်ကယ်အိတ်ပြင်ဆင်ရန်

အရေးကြီးစာရွက်စာတမ်းများ၊
သောက်နေကြဆေးဝါး၊ပတ်တီး၊ဂွမ်း ဒါမှမဟုတ် ပတ်တီးလိုသုံးနိုင်မယ့် လျှော်ဖွတ်ထားတဲ့ပုဆိုး စတာတွေကို အိတ်ထဲ စုထည့်ထားပါ။
ဖြစ်နိုင်လျှင် ၂၄ နာရီစာ မိသားစုအတွက်အစာ၊ရေ၊ရိက္ခာပါထည့်ထားပါ။
စစ်သုံးပစ္စည်းများကိုရှောင်ပါရန် စစ်သုံးရေဗူး၊ စစ်ဖိနပ်၊ စစ်ရောင်ပါသော အင်္ကျီ၊ ဘောင်းဘီဝတ်ဆင်ခြင်းမှရှောင်ပါ။ မည်သည့်လက်နက်ကိုမှ လက်ဝယ်မကိုင်ဆောင်ထားပါနဲ့။

တိုက်ပွဲကြားရောက်နေရင် သေနတ်သံတွေနဲ့ဝေးရာဘက်ကို ပြေးပါ။
အကာအကွယ်ရှာပါ။ မြေပြင်ပေါ်ဝပ်နိုင်သမျှဝပ်ပါ။
ကားကိုအကာအကွယ်ယူထားရင် အင်ဂျင်တုံး ကားဘီးတို့ကိုအကာအကွယ်ယူပါ။ သေနတ်သံခဏ စဲတာနဲ့ကားကခွာပါ။ (ကားများသည်သေနတ်သမားများရဲ့ပစ်မှတ်ဖြစ်တတ်သည်။)

စစ်ပွဲသုံး ၇၆၂ ကျည်များသည်တော်ရုံ အုတ်နံရံ၊သစ်ပင် တို့ကိုဖောက်နိုင်သောကြောင့် ထူထဲသောအုတ်နံရံ၊ကတုတ်ကျင်း၊သဲအိတ် ၂ထပ်ရှိသောဘန်ကာ၊ကုက္ကိုလ်ပင်ကဲ့သို့သောသစ်ပင်ကြီး စတဲ့ပုန်းခိုစရာနေရာရှာပါ။

စစ်ဆေးမေးမြန်းခြင်းခံရတဲ့အခါ ယဉ်ယဉ်ကျေးကျေးဆက်ဆံပါ။ အမှန်အတိုင်းပြောပါ။ နားလည်မှုမလွဲအောင်သတိထားပါ။

မိုင်းနဲ့ပေါက်ကွဲစေတတ်သောပစ္စည်းများအန္တရာယ်ရှိသောလမ်းများရှောင်ပါ။ သွားလာနေကျလမ်းများဆိုရင်လည်း မြေအနေအထားမမှန်ခြင်း၊သစ်ကိုင်းများ ချိုးထားခြင်း၊ပင်စည်များတွင်ဒါးထစ်ထားခြင်း၊ကျောက်တုံးချထားခြင်းကဲ့သို့အမှတ်အသားပြုထားခြင်းများရှိမရှိ ကြည့်ပါ။

မပေါက်ကွဲသေးတဲ့အမြှောက်ဆံ၊ဗုံးဆံတွေကို ကိုင်တွယ်ခြင်း၊ ထုနှက်ခြင်း၊ နေရာရွှေ့ခြင်း စတာတွေရှောင်ပါ။
ကိုယ်မမြင်ဖူးတဲ့ အရာဝတ္ထုဆန်းများအားထိတွေ့ခြင်းမပြုပါနဲ့။
အားလုံးဘေးမသီရန်မခဖို့ ဆုတောင်းလိုက်ပါတယ်။

အရေးပေါ်စစ်ပွဲအနေအထားမှာ အသုံးဝင်မှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *