မေလ (၃၀) နေ့စွဲနဲ့ ဧရာဝတီ ကရင်လူငယ်ဦးဆောင်ကော်မတီက လူထုအား သတိပေးတိုက်တွန်းနှိုးဆော်ချက် (၃) ချက်ထုတ်ပြန်လိုက်ပါတယ်။
ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းများ အကြမ်းဖက်အဖွဲ့နှင့် မပူးပေါင်းရန်၊ အစိုးရကျောင်းများတွင် ကရင်စာပေသင်ကြားနေသူများ ပါဝင်သင်ကြားခြင်းမပြုရန်၊ လူမျိုးပေါင်းစုံပါဝင်နေကြသော အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးတွင် ကရင်လူထုများပါဝင်ကြရန် သတိပေးတိုက်တွန်းနှိုးဆော်ထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက အကြမ်းဖက် စစ်အာဏာရှင်အား အလိုမရှိဘဲ၊ ချေမှုန်းတိုက်ဖျက်နေတဲ့ ကာလဖြစ်ပါတယ်။