ဥပဒေလေးစားသော နိုင်ငံ့ကယ်တင်ရှင်ဆိုသူများသို့ အိတ်ဖွင့်ပေးစာ (OPINION)



ကဲမပြောလို့မပြီး ပြောရဦးမယ်။ ပြောလဲမပြောချင်ဘူး။ ဒါပေမယ့် ငါတို့မမေ့ဖို့ ပြောရမယ်။ သမိုင်းမသေဖို့ပြောရမယ်။
မင်းတို့အမြင်မှာ ငါတို့အားလုံးက မှားပြီး … မင်းတို့က အမြဲမှန်နေတယ်။

ပြည်သူ့ဆန္ဒထုတ်ဖော်မှုတွေက မှားသတဲ့။ ဥပဒေကို မြတ်နိုးလွန်းလို့ ဥပဒေအတိုင်းဆောင်ရွက်ပါသတဲ့။ အစိုးရဆိုတာ ပြည်သူ့အစိုးရဖြစ်သင့်ပေမယ့်၊ ပြည်သူကရွေးချယ်လိုက်တဲ့သူတွေဖြစ်သင့်ပေမယ့် …. သီးခြားအစုအဖွဲ့တစ်ခုက ပြည်သူကိုချစ်လွန်းလို့ ကယ်တင်မတဲ့။

ဇွန် ၁၅ ရက်စစ်ကောင်စီ နိုင်ငံခြားရေးရာဝန်ကြီးဌာနထုတ်ပြန်ချက်အရ … စက်မှုထိပ်သီး ၇ နိုင်ငံ (G7 ) ထုတ်ပြန်ချက်က မှားသတဲ့။ G7 ကအတည်ပြုလို့မရတဲ့ သတင်းရင်းမြစ်တွေဆီက ကိုးကားပါသတဲ့။ စစ်ကောင်စီက ဥပဒေအတိုင်း တိကျစွာ လိုက်နာပြီး အနည်းဆုံးအင်အားသုံးပြီး၊ အတတ်နိုင်ဆုံးထိန်းချုပ်ပြီး ဆောင်ရွက်ပါသတဲ့။

ဘယ်သတင်းရင်းမြစ်ကပဲလိုက်လိုက် စိန်ခေါ်ရဲတယ်။
လတ်တလော အဖြစ်တွေထဲက (၂) ခုချပြမယ်။

(၁) ဇွန် ၁၅ ရက်အိမ်ပြန်ကြည့်ကြတဲ့ ကယားပြည်သူတွေကိုယ်တွေ့။ ကယားပြည်နယ်၊ ဒီမော့ဆို ၆ မိုင်ရွာတွင် အလောင်းများ ပြန့်ကျဲနေပြီး ခွေးပါဆွဲနေ၊ ဒီမော့ဆို ဘုရားကျောင်း ပစ်ခတ်ခံရကာ ဒီမော့ဆို ရဲ့ ဈေးဆိုင်၊ ကား၊ အိမ်တွေကို ဖောက်ထွင်းခိုးယူခဲ့တာ …. မီးတိုက်ခဲ့တာ ဘယ်သူလဲ။ ဥပဒေကို ပါးစပ်ကမချ၊ ဥပဒေအတိုင်းတိတိကျကျဆောင်ရွက်ပါတယ်လို့ ပြောနေတဲ့ … G7 ရဲ့သုံးသပ်ချက်က မှားယွင်းပါတယ်လို့ ငြင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်နက်ကိုင်တွေပါပဲ။ လူတွေလည်း သတ်ထားတယ်။ အလောင်းကိုလည်း မြေမြုပ်ပေးတာမရှိလို့ နံစော်နေတယ်။ ခွေးဆွဲနေပြီ။ အကျိုးကျနေပြီ။ ဆိုင်တွေဖောက်ရုံနဲ့အားမရသေး … ဆဲဆိုတဲ့စကား၊ ပြည်သူ့ကို မထီမဲ့မြင်ပြုတဲ့စကား “လီးပဲ” လို့ရေးသွားတာ အဲ့ဒီအကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေပါပဲ။ ဒါကကို ဘယ်လိုငြင်းမလဲ။



(၂) ပေါက်မြို့၊ ကင်းမရွာကို ရွာလုံးကျွတ်မီးတိုက်ခဲ့တာက ဥပဒေလေးစားလိုက်နာပြလွန်းတဲ့ စစ်ကောင်စီလက်နက်ကိုင်တွေပါပဲ။ ဒါက ၂၀၂၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှာ ဖြစ်ခဲ့တာပါ။ သက်ကြီး ၂ ဦးအလောင်းတွေ့ရ။ ဒါကလည်း ပြည်သူကို ချစ်လွန်းမက ချစ်ပြနေတဲ့၊ တိုင်းပြည်ကို ကယ်တင်နေတဲ့သူတွေရဲ့ လက်ချက်ပါပဲ။


တစ်ချက်ချင်း ရှင်းနေရင် ကြာတယ်။ ဒေါသဖြစ်တယ်။
မင်းတို့ဟာ ပြည်သူရွေးထားတဲ့ အစိုးရလည်းမဟုတ်ဘူး။
ပြည်သူက အာဏာအပ်နှင်းထားတာလည်း မရှိဘူး။
မင်းတို့ဟာ မင်းတို့ အကျိုးအတွက် အာဏာသိမ်းတာ။
ပြည်သူနဲ့ နိုင်ငံတော်ကို သစ္စာဖောက်တာ
ထမင်းရှင်ပြည်သူကို စော်ကားသတ်ဖြတ်တာ၊ အာဏာရူးနေတာ
မင်းတို့က အကြမ်းဖက်သမား။

ဆင်သေကို ဆိတ်သားရေနဲဖုံးလို့မရ။
ဆိတ်ခေါင်းချိတ်ပြီး ခွေးသားမရောင်းနဲ့။
အကြမ်းဖက်သမားများ ကျဆုံးပါစေ။
အကြမ်းဖက်သမားများအား ထောက်ခံသူ အပေါင်းပါများလည်း ကျဆုံးပါစေ။

KJ

Leave a Reply

Your email address will not be published. Required fields are marked *