ရခိုင်ပြည် အရပ်ဘက်အဖွဲ့အစည်း ၇၇ ဖွဲ့သဘောထားထုတ်ပြန်

ရခိုင်ပြည်အရပ်ဘက် အဖွဲ့အစည်း (၇၇) ဖွဲ့စုပေါင်းပြီး သဘောထား ထုတ်ပြန်စာတစ်ခုကို မတ်လ (၂၁) ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်စာထဲမှာ စစ်ကောင်စီကိုရည်ညွှန်း၍-
(၁) လက်နက်မဲ့ပြည်သူများအပေါ် အင်အားအလွန်အကျွံသုံး ဖြိုခွင်းသည့် လုပ်ရပ်ကို လုံးဝအဆုံးသတ်ပေးရန်၊
(၂) စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသူများကို ချက်ချင်းပြန်လွှတ်ပေးရန်၊
(၃) ပြည်သူလိုလားသော ကိုယ်ပိုင်ပြဌာန်းအုပ်ချုပ်ခွင့်ကို အခြေခံသည့် ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ကို အသိအမှတ်ပြုလက်ခံပြီး အာဏာသိမ်းမှုကို အမြန်ဆုံး စွန့်လွှတ်ရန် စသည်ဖြင့် တောင်းဆိုထားပါတယ်။

ရခိုင်ပြည်သည် စစ်အာဏာမသိမ်းမီရှေ့ပိုင်းနှစ်များမှာ ရခိုင်တပ် ( အေအေ) နှင့် မြန်မာတပ်မတော်၏ ရင်ဆိုင်တိုက်ပွဲများ ပြင်းထန်ခဲ့သော နေရာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *