ဧပြီလ ၉ ရက်နေ့မှာ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၏ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီရဲ့ သတ်ဖြတ်မှုခံရသူများရဲ့ သတ္တိကိုချီးကျူးထားပြီး၊ ဖမ်းထားသူများလွှတ်ပေးရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ထုတ်ရေးကို ကြိုးစားရမယ်လို့ ဖော်ပြထားပါတယ်။
စင်ကပူနိုင်ငံခေါင်းကိုင်ဖခင် လီကွမ်ယုကတော့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ စကားပြောရတာက လူသေတွေနဲ့ ဆက်ဆံရသလိုပဲလို့ မှတ်ချက်ပြုထားဖူးပါတယ်။ ထုတ်ပြန်ချက်အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၏ ပူးတွဲကြေညာချက်
လွန်ခဲ့သည့် နှစ်လ၊ ဖေဖော်ဝါရီလ (၉) ရက် နေ့ က မ မြသွဲ့ သွဲ့ ခိုင် သည် နေပြည်တော်တွင် ဆန္ဒပြမှု အတွင်း ဘတ်စ်ကားမှတ်တိုင်အောက်တွင် အကာအကွယ်ယူနေစဉ် အပစ်ခံခဲ့ရသည်။ သူမ သည် (၁၉) နှစ်သာ ရှိသေးသည်။
ထိုစဉ် က စ ၍ မြန်မာနိုင်ငံတွင် အရပ်သားများ ၆၀၀ ကျော် သတ်ဖြတ်ခံခဲ့ကြရ သည်—အများအပြား မှာ ခက်ခက်ခဲခဲ ရရှိထားသည့် ဒီမိုကရက်တစ် အခွင့်အရေးများ နှင့် လွတ်လပ်မှု များ အတွက် ဆန္ဒပြရင်း အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ကလေးငယ် များလည်း အသတ်ခံခဲ့ကြရသည်။ လွတ်လပ်မှု နှင့် ဒီမိုကရေစီ အတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို ဖော်ထုတ်ပြသ ရုံမျှဖြင့် လူထောင်ချီ ၍ ဒဏ်ရာရကြ သို့မဟုတ် အဖမ်းခံကြရသည်။
သူတို့ ၏ သတ္တိ နှင့် ဂုဏ်သိက္ခာ တို့ကို ကျွန်ုပ်တို့ က လေးစားရိုကျိုး မိပါသည်။ ကျွန်ုပ်တို့သည် စည်းလုံးစွာဖြင့်၊ သူတို့ ၏ မိသားစု များ နှင့် မိတ်ဆွေများ ၏ ပူဆွေး သောက ဗျာပါဒ များနှင့် ထပ်တူ တသားတည်း ခံစားလျက်ရှိကြပါသည်။ အားလုံး၏ အခွင့်အရေး များ နှင့် အလားအလာကောင်းများ ကို အပြည့်အဝ လေးစားပြီး ဖြစ်ထွန်းစေနိုင်သည့်၊ လွတ်လပ်သော၊ တရားမျှတသော၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ်မြန်မာနိုင်ငံတော်ကို ယုံကြည်သူများအားလုံး၏ မျှော်လင့်ချက်များနှင့် ယုံကြည်မှုများ ကို ထောက်ပံ့ကူညီရန် ကျွန်ုပ်တို့က အတူတကွ ရပ်တည်လျက်ရှိပါသည်။ အကြမ်းဖက်မှု ရပ်ကို ရပ်တန့်ရမည်၊ နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ အားလုံးကို လွှတ်ရမည်၊ ဒီမိုကရေစီ ကို ပြန်လည်ဖော်ဆောင်ရမည်။
ဤကြေညာချက်ကို ဩစတေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ နှင့် မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် — ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန် နှင့် ဆွီဒင်– နှင့် နယူးဇီလန်၊ နော်ဝေး၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ် နှင့် အမေရိကန်ပြည်ထောင်စုတို့၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက လက်မှတ်ရေးထိုးထုတ်ပြန်သည်။
JOINT STATEMENT BY AMBASSADORS TO MYANMAR
Two months ago, on February 9, Mya Thwe Thwe Khine was shot while taking cover under a bus shelter during a protest in Naypyidaw. She was 19.
Since then, over 600 civilians have been killed in Myanmar, many of them while protesting for hard-won democratic rights and freedoms. Children were murdered. Thousands of people have been injured or detained just for giving voice to their desire for freedom and democracy.
We are humbled by their courage and dignity. We are united to accompany the grief of their families and friends. We stand together to support the hopes and aspirations of all those who believe in a free, just, peaceful and democratic Myanmar, where the rights and the potential of all people can be fully respected and developed. Violence has to stop, all political detainees must be released and democracy should be restored.
Signed by the Ambassadors to Myanmar from Australia; Canada; the Delegation of the EU and European Union Member States with presence in Myanmar: the Czech Republic, Denmark, Finland, France, Germany, Italy, the Netherlands, Spain and Sweden; New Zealand; Norway; the Republic of Korea; Switzerland; the United Kingdom and the United States.