ဗမာနိုင်ငံရေးအင်အားစုမပါသော၊ ဗမာနိုင်ငံရေးထိန်းကျောင်းလွှမ်းမိုးမှုမရှိသော ကချင်နိုင်ငံရေးပုံစံ၊ ကချင်အစိုးရဖွဲ့စည်းရေးကို လိုလားကြောင်း Kachin National Organization (KNO) က ယနေ့ ဇွန်လ ၃ ရက်နေ့မှာ သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။
“CRPH နှင့် KPICT အကြား သဘောတူညီမှုဖြင့် ကချင်ဒေသအစိုးရ ဖွဲ့စည်းရန် လုပ်ဆောင်လာခြင်းသည် မလုပ်သင့်သော အရာဖြစ်သည် ” ဟု KNO ၏သဘောထားထုတ်ပြန်စာထဲတွင်ဖော်ပြထားပါတယ်။
KPICT သည် CRPH နှင့် သဘောတူညီချက်လက်မှတ်ရေးထိုးပြီး ကချင်ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေချိန်မှာ ယင်းဆောင်ရွက်ချက်အား KNO အနေဖြင့် သဘောမတူနိုင်ဘဲ၊ ကချင့်နိုင်ငံရေးမှာ ဗမာနိုင်ငံရေးအင်အားစုပါ၀င်ခြင်းကို KNO က မလိုလားကြောင်း သဘောထား ဖော်ပြလာတာဖြစ်ပါတယ်။