ပန်ဆယ်လို ရဲ့ KBZ, CB ဘဏ်အကောင့်တွေကို ပိတ်ပင်ခံရတယ်လို့ သူမကိုယ်တိုင် ဖေ့စ်ဘုတ် စာမျက်နှာမှာ သတင်းဖော်ပြလိုက်ပါတယ်။
“ကျွန်မရဲ့ ဘဏ်အကောင့်တွေ အပိတ်ခံလိုက်ရပါတယ်။ ကျွန်မငွေတွေအကုန်ပါသွားပါပြီ။ CDM နဲ့ CRPH Support လုပ်လို့လို့ ယူဆပါတယ်။ ကျွန်မက ဘဏ်တွေကိုပဲ ယုံကြည်စွာအပ်နှံထားတာပါ။ ဘဏ်တွေဟာ Customer တွေရဲ့ အချက်အလက်တွေနဲ့ ငွေကြေးတွေကို မထိန်းသိမ်းနိုင်ဘူးဆိုတာ နားလည်လိုက်ပါပြီ။’ လို့ ယုံကြည်ရာ စာတွေ ရဲရဲ၀ံ့၀ံ့ ရေးတတ်တဲ့ ပန်ဆယ်လိုက မှတ်ချက်ပြုလိုက်ပါတယ်။
စစ်ကောင်စီက ပုဂ္ဂလိက ဘဏ်တွေကို အတင်းဖွင့်ခိုင်းတာ၊ မဖွင့်ရင် ကုန်သည်တွေရဲ့ ငွေစာရင်းကို တပ်မတော်ပိုင်ဘဏ်တွေဆီ လွှဲခိုင်းတာ၊ ဘဏ်မဖွင့်နိုင်ရင်ဒဏ်ရိုက်တာတွေလုပ်ခဲ့သလို၊ ယခုအခါ သူတို့ပစ်မှတ်ထားတဲ့သူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပိတ်သိမ်းသည်အထိ လုပ်ဆောင်လာနေတာဖြစ်ပါတယ်။